Friday, June 24, 2016

ဂွမ်ဆိုင်းအောင်သေဆုံးမှု ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်ရန် ကချင်အစိုးရအဖွဲ့ ညွှန်ကြား



မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှုနှင့်ပတ်သက်၍ အမှန် တရားအတိုင်းဖြစ်စေရန်နှင့် ပွင့် လင်းမြင်သာမှုရှိစွာ စုံစမ်းဆောင် ရွက်ရန် သက်ဆိုင်ရာအဖွဲ့အ စည်းများအား ညွှန်ကြားထား ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့မှ သတင်းရရှိသည်။

တပ်မတော်သားတစ်ဦး၏ သေနတ်ကျည်ဆန်ထိမှန်မှု ကြောင့် သေဆုံးခဲ့သည့် မြစ်ကြီးနားကွန်ပျူတာတက္ကသိုလ် ကျောင်းသား မောင်ဂွမ်ဆိုင်းအောင်၏ နာရေးဆုတောင်းပွဲကို ဇွန်လ ၂၃ ရက်က မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ ၎င်း၏ နေအိမ်၌ ပြုလုပ်ရာ လူဦးရေတစ်ထောင်ကျော် တက်ရောက်ခဲ့သည်။ ထို့နောက် ၎င်း၏ ရုပ်အလောင်းကို နောင်နန်းကျေးရွာရှိ ဝန်ပေါင်ခရစ်ယာန် သုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မောင်ဂွမ်ဆိုင်းအောင် သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ကချင်ပြည်နယ်အစိုးရအဖွဲ့ ထံဆက်သွယ်မေးမြန်းရာ ‘‘ပွင့်လင်းမြင်သာမှုရှိအောင်၊ အမှန်အတိုင်းဖြစ်အောင်၊ မျှမျှတတဥပဒေအ တိုင်းဖြစ်အောင်ဆိုပြီးတော့မှ သက်ဆိုင်ရာကို ညွှန်ကြားထား တာရှိပါတယ်’’ဟု ဝန်ကြီးချုပ် ကိုယ်စားလှယ်ရေးအရာရှိက ဖြေ ကြားသည်။

သေဆုံးသွားသူ မောင်ဂွမ်ဆိုင်းအောင်သည် ၂၀၁၃ က အုပ်စုဖွဲ့လုယက် မှုပြစ်ချက်ဟောင်း ဖြစ်စဉ်မှတ်တမ်းတွင်ပါဝင်သူတစ်ဦးဖြစ်ကြောင်းတပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကဇွန်လ၂၃ရက်တွင်သတင်းထုတ်ပြန်သည်။တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထုတ်ပြန်ချက်တွင် ဝိုင်းမော်ဘက်မှ ပြန်လာသည့် အမျိုးသား၊ အမျိုးသမီးလေးဦးကို အမည်မသိသူ ရှစ်ဦးက လိုက်လံလုယက်နှောင့်ယှက်သဖြင့် လမ်းတံတားတွင် တာဝန်ကျ တပ်မတော်သားများက ကူညီခဲ့ပြီးနောက် အဆိုပါရှစ်ဦးက စောင့်ဆိုင်း၍လုံးထွေးသတ်ပုတ်စဉ်မတော်တဆကျည်ထွက်ကာ  မောင်ဂွမ်ဆိုင်းအောင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပါရှိ သည်။

7daydaily

No comments:

Post a Comment