၂၀၁၅ ဒီဇင်ဘာ ၁
Credit >>> Voice Of Kachin
အင်းတော်ကြီးဒေသတွင် KIA သောင်းကျန်းသူ
ရင်း (၅) အခြေပြုလုပ်ရှားလျှက်ရှိရာ နယ်မြေအတွင်း နေ ထိုင်လုပ်ကိုင် စားသောက်နေကြသော
ဒေသခံရှမ်းလူမျိုးများထံမှ လစဉ် ဆက်ကြေးငွေ ကောက်ခံလျှက် ရှိပြီး ၎င်းရင်း (၅) မှ တပ်ကြပ်ကြီးအဆင့်ရှိသူ
လဂတ်တူး ဆိုသူက “ဒီနေရာမှာ မင်းတို့ ရှမ်းတွေကို လာရောက်လုပ်ကိုင် စားသောက်ခွင့်မပြုဘူး
တကယ်လို့ အသက်အန္တရယ် တစ်ခုခုဖြစ်ခဲ့ရင် ငါတို့တာဝန်မ ယူဘူး ငါတို့နဲ့မဆိုင်ဘူး.. ဒါပေမယ့်
လစဉ် ပေးဆောင်ရမယ့်ဟာကိုတော့ ပုံမှန်ပေးဆောင်ရမယ်” ဟု ပြောဆိုထားကြောင်း ဒေသခံ ရှမ်းလူမျိုး
တစ်ဦးထံမှ သိရှိရသည်။
၎င်းဒေသရှိ ဒေသခံရှမ်းလူမျိုးများ ပေးဆောင်ကြရသော
ဆက်ကြေးများမှာ-
(၁) ထင်း/ရုံး/၀ါး လှည်း (၁) စီး ၁၀၀၀
ကျပ်
(၂) ပျဉ်လှည်း (၁) စီး ၃၀၀၀ ကျပ်
(၃) သစ်ဖြတ်ချိန်းစော (၁) လက် ၅၀၀၀၀
ကျပ်
(၄) လူတစ်ဦး တောဝင်ခ ၅၀၀၀ ကျပ်
(၅) စပါးချွေလှေ့စက်/ လယ်ထွန်စက်
၅၀၀၀ ကျပ်
(၆) လယ် (၁) ဧကအတွက် ၅၀၀၀ ကျပ်
(၇) တစ်နှစ်အတွက် လယ်သမား (၁) ဦး
(ဆန်) ၂ တင်း
(၈) တစ်နှစ်အတွက် လယ်သမား (၁) ဦး
(ဆား) ၁ ပိဿာ
(၉) တစ်နှစ်အတွက် လယ်သမား (၁) ဦး
(တောဝင်ခ) ၁၀၀၀၀ ကျပ်
စသည်ဖြင့် ပုံမှန်ပေးဆောင်ရသည်ဟု ဆိုသည်။
ထိုသို့ ဆက်ကြေးများ မှန်မှန် ပေးဆောင် ခဲ့ရသော်လည်း ၎င်းတို့ ထောင်ထားသော မြေမြုပ်မိုင်းများဒဏ်ကို
ဒေသခံများ တစ်ဦးမဟုတ်တစ်ဦး လစဉ် ခံစားကြရသည် ဟု ဆိုသည်။ ထိုသို့ မြေမြုပ်မိုင်း နင်းမိပေါက်ကွဲသွားပါက
ရရှိသော ဒဏ်ရာ ကုသမပေးသည့်အပြင် ၎င်းမြေမြုပ် မိုင်း တန်ဖိုးကိုပါ ပေးလျော်ရသည်ဟု
ကြားသိရသည်။
ထို့ကြောင့်လည်း ကချင်ပြည်နယ်အတွင်းရှိ
ရှမ်းတိုင်းရင်းသားများက နိုဝင်ဘာ ၂၁ ရက်နေ့ မြစ်ကြီးနားမြို့ တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်
ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ထိုဆန္ဒဖော်ထုတ်မှုကို KIA မှ လာရောက်၍ ဖိအားပေးမှုများ ရှိခဲ့သည်ဟု
သိရသည်။ ထိုကဲ့သို့ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုဝင်များ လူ့အခွင့် အရေးဆုံးရှုံးနေမှုများကို
ရှမ်းခေါင်းဆောင်များက နိုင်ငံတကာ လူမူကူညီရေး အသင်းအဖွဲ့များထံ အသိပေး အကြောင်းကြားထားကြောင်း
သိရှိရသည်။
Credit >>> Voice Of Kachin
No comments:
Post a Comment