Sunday, December 27, 2015

Lemon ဖျော်ရည်အပူကို မနက်ပိုင်းမှာ သောက်ခြင်းဖြင့် ၀ိတ်ကျပြီး နုပျိုစေ

၂၀၁၅ ဒီဇင်ဘာ ၂၇


Lemon ဖျော်ရည်အပူအားသောက်သုံးခြင်းကြောင့် ၀ိတ်ကျပြီး နုပျိုလန်းဆန်းစေနိုင်ကြောင်း လေ့လာမှုတစ်ခု တွင်ဖော်ပြခဲ့တယ်လို့ Daily Mail ကဆိုပါတယ်၊ လီမွန်သီး (ရှောက်ချိုသီး) မှာပါဝင်တဲ့ ဗီတာမင်စီကြောင့် ကော်လာဂျင် ထုတ်လွှတ်မှုအားကောင်းစေပြီး အသားအရေကိုနုပျိုစေမှာဖြစ်တယ်လို့ ဆိုပါ တယ်။ အဲ့ဒီအပြင် Metabolic ထုတ်လုပ်မှုအားကောင်းစေတာကြောင့် သွေးထဲမှာရှိနေတဲ့ ကိုလက်စ်ထရော ကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

လီမွန်မှာပါဝင်တဲ့ ဗီတာမင်စီဟာ antioxidants ပါဝင်တာကြောင့် နေရာင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနဲ့ ခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို တိုက်ဖျက် တားမြစ်ပေးပြီး အသားအရေ ကို နုပျိုစေတာဖြစ်တယ်လို့ သိရပါတယ်။

လီမွန်သီးဖျော်ရည်ဟာ ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီအပိုတွေကို ဖယ်ရှားတားဆီးပေးတဲ့အပြင် သွေးထဲမှာ ရှိနေ တဲ့ ကိုလက်စ်ထရောကို လျှော့ချပေးတာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကိုထိန်းညှိပေးပြီး အဆီတွေကို လျှော့ချပေး တာဖြစ်တယ်လို့ သိရပါတယ်။

တခြားလီမွန်သီးရဲ့အကျိုးအာနိသင်တွေကတော့ အမောအပန်းခံနိုင်အောင် စွမ်းအင်တွေထုတ်လုပ်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဓာတ်တွေကိုတားဆီးပေးနိုင်ခြင်း၊ ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် ဦးနှောက် အားကောင်းစေပြီး သွေးဖိအားကိုထိန်းညှိပေးနိုင်ခြင်း၊ လန်းဆန်းစေတာကြောင့် အသက်ရှူ ရှိုက်ရာမှာ အားကောင်းစေခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ဒီလိုကောင်းမွန်တဲ့ လီမွန်သီးဖျော်ရည်ကိုမနက်တိုင်းသောက်ပေးပြီးကျန်းမာစွာနေထိုင်နိုင်ဖို့ ရေးသား လိုက်ရပါတယ်။

Credit >>> မြန်မာ့သတင်း

No comments:

Post a Comment