Monday, December 21, 2015

SSPP/SSA အဖွဲ့မှ ဒေသခံကျေးရွာများအား လူသစ် ၅ ဦး၊ ဆက်ကြေးငွေနှင့် ဆန် ၁၀ အိတ်တောင်းခံ

၂၀၁၅ ဒီဇင်ဘာ ၂၂
 

 
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ပုံဆန်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာသို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး လူသစ် ၅ ဦး၊ ဆက်ကြေးငွေနှင့် ဆန် ၁၀ အိတ် တောင်းခံ သွားကြောင်း ဒေသခံရွာသားများထံမှ သိရပါသည်။

“ SSPP/SSA အဖွဲ့တွေ ကျွန်တော်တို့ရွာကို ည ၇ နာရီလောက်မှာ ရောက်လာတယ်၊ ရွာကအုပ်ချုပ်ရေးမှူး ကို ခေါ်ပြီး ညစာအတွက် ပြင်ပေးဖို့ပြောတယ်၊ ရွာကအမျိုးသမီးငယ် ၅ ဦးက သူတို့အဖွဲ့တွေစားဖို့ ပြင် ဆင်ပေးရ တယ်၊ ည ၉ နာရီလောက်မှာ သူတို့အဖွဲ့ရွာက လူသစ် ၅ ဦး၊ တစ်အိမ်ထောင် ၅၀၀၀ ကျပ်အပြင် ဆန်အိတ် ၅ အိတ်တောင်းလို့ ပေးခဲ့ရတယ်”ဟု ပါနိမ့် ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

ပုံဆန်ကျေးရွာအုပ်စုမှ ရပ်မိရပ်ဖတစ်ဦးကလည်း “ SSPP/SSA အဖွဲ့ဟာ စာသင်အရွယ် ကလေးတွေကအစ လူသစ်စုတယ်၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လူသစ်မစုသင့်ပါဘူး၊ သူတို့အဖွဲ့ကို မပြောရဲ ဘူး၊ ရှမ်းပြည်နယ်ကို ကာကွယ်ဖို့ဆိုပြီး ကလေးတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်၊ မိဘတွေက ကလေးတွေ ကျောင်းနေအရွယ်ဖြစ်လို့ ခေါ်မသွားဖို့ တောင်းပန်ပေမယ့် မရဘူး၊ ရွာသားတွေလည်း သူတို့ အဖွဲ့ကိုကြောက်လို့ ထွက်ပြေးကုန်ကြပြီ”ဟု ပြောပြပါသည်။

SSPP/SSA အဖွဲ့သည် အစိုးရတပ်နဲ့ စစ်ပွဲတွေရပ်ဖို့ ညှိနှိုင်းထားသော်လည်း ယခုလို ဒေသခံ တိုင်းရင်းသား များထံမှ လူသစ်စု၊ ဆက်ကြေးငွေကောက်ခံခြင်းနှင့် အတင်းအကြပ်ရိက္ခာတောင်းခံခြင်းများဟာ အမှန် တကယ် ငြိမ်းချမ်းမှုကို မလိုလားလို့၊ ဒေသခံတွေရဲ့ဘ၀ကိုမစာနာလို့ ပြုလုပ်နေခြင်းဖြစ်ကြောင်း မိုင်းရှူးမြို့ခံ တစ်ဦးမှ ပြောပြသွားပါသည်။
စိုင်းသီဟ

Credit >>> Shan News

No comments:

Post a Comment