၂၀၁၅ ဒီဇင်ဘာ ၂
ချီဖွေမြို့၊ မေခမြစ်တစ်ဘက်ကမ်းရှိ မျောမောပါကျေးရွာ၊ ဇန်နောင်ယန်ကျေးရွာနှင့် နလောကျေးရွာများမှ လူသစ်အဖြစ် ဖမ်းဆီးထားသော ဒေသခံရွာသား ၄၄ ဦးအား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် KIA အဖွဲ့မှ ဖွင့်လှစ်သောစစ်သင်တန်းသို့ အတင်းအကြပ်တက်ခိုင်းနေကြောင်း ၀ဆီးရွာသားတစ်ဦးမှ
ပြောပြပါသည်။
“မေခမြစ်တစ်ဘက်ကမ်းမှာရှိတဲ့  ရွာတွေကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာတယ်၊
ပြီးတော့ လယ်တဲတွေမှာ နေပြီး လယ်ယာလုပ်ကိုင်နေတဲ့သူတွေ၊ သစ်ဝါးခုတ်တဲ့သူတွေ၊ ငါးရှာထွက်တဲ့သူတွေကို
လူသစ်အဖြစ် အဓမ္မ လိုက်ဖမ်းနေတာ၊ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေတဲ့ ရွာသားတွေကို
လူသစ်အဖြစ် ဖမ်းခေါ် သွားတာ၊ အဲလိုဖမ်းထားတဲ့ရွာသား ၄၄ ယောက်ကို KIA ကဖွင့်တဲ့ စစ်သင်တန်းမှာ
ဇွတ်အတင်းတက်ခိုင်းပြီး သင်တန်းဖွင့်ခဲ့တယ်လေ၊ သင်တန်းကာလ ၃ လ သတ်မှတ်ပြီး တက်ခိုင်းတာ၊
ရွာသားတွေလည်း ဘယ်တက်ချင်မှာလဲဗျာ၊ မတက်ဘူးလို့ပြောရင်လည်း ရိုက်တယ်၊ ညှင်းပမ်းနှိပ်စက်တယ်၊
ရွာသားတစ်ယောက် ဆို မတက်ဘူးပြောပြီးထွက်ပြေးလို့  သေနတ်နဲ့ပစ်သတ်လိုက်တယ်၊ တော်တော်ရက်စက်တဲ့ကောင်တွေ၊ သေ မှာ ကြောက်တော့လည်း ရွာသားတွေက သင်တန်းတက်နေရတာပေါ့၊ သင်တန်းက ရွာနားမှာဆိုတော့
အကုန်သိ နေရတယ်’’ ဟု ၎င်းက ဆက်လက်ပြောပါ သည်။
KIA အဖွဲ့သည် အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလာသည့် အတွက်
ချီဖွေမြို့၊ မေခမြစ် တစ်ဘက် ကမ်းရှိ ကျေးရွာများမှ ဒေသခံရွာသားများအား လူသစ်အဖြစ်လိုက်လံဖမ်းဆီးပြီး
၎င်းတို့ဖွင့်လှစ်သော စစ်သင်တန်းသို့ အတင်းအကြပ် တက်ခိုင်းနေကြောင်းနှင့် ချီဖွေမြို့နယ်ရှိ ကျေးရွာများတွင် နေ ထိုင်သော ဒေသခံရွာသူ/ ရွာသားများအား လူသစ်အဖြစ် လိုက်လံဖမ်းဆီးလျက်ရှိကြောင်း
သိရသည်။
သတင်း -နော်ဂျာ
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးတွင်
လူသစ်အဖြစ် ဖမ်းဆီးထားသော ဒေသခံရွာသား ၄၄ ဦး အား KIA အဖွဲ့မှ ဖွင့်လှစ်သော စစ်သင်တန်းသို့
အတင်းအကြပ်တက်ခိုင်းနေကြောင်း ယင်းဒေသခံများ ထံမှ သိရှိရသည်။
ချီဖွေမြို့၊ မေခမြစ်တစ်ဘက်ကမ်းရှိ မျောမောပါကျေးရွာ၊ ဇန်နောင်ယန်ကျေးရွာနှင့် နလောကျေးရွာများမှ လူသစ်အဖြစ် ဖမ်းဆီးထားသော ဒေသခံရွာသား ၄၄ ဦးအား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် KIA အဖွဲ့မှ ဖွင့်လှစ်သောစစ်သင်တန်းသို့
“မေခမြစ်တစ်ဘက်ကမ်းမှာရှိတဲ
KIA အဖွဲ့သည် အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလာသည့်
Credit >>> Kachin Daily News
No comments:
Post a Comment