Monday, December 14, 2015

ရှမ်းပြည်နယ်(မြောက်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြား၊ စစ်မှုထမ်းဟောင်းအိမ်ရာကြည့်ရှု

၂၀၁၅ ဒီဇင်ဘာ ၁၄


နေပြည်တော်၊ ဒီဇင်ဘာ ၁၂ 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပြည်နယ်စစ်မှုထမ်းဟောင်းရုံး၌ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖုန်းမြတ် နှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း ကြီး ကြပ်ရေးအဖွဲ့များအား တွေ့ဆုံအမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ရုံးသုံးကွန်ပျူ တာတစ်လုံးနှင့် ဆက်စပ်ပစ္စည်းများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ခေးနင်းအဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာတွင် တည်ဆောက်နေ သည့် ၂ ခန်းတွဲ နှစ်ထပ် အရာရှိငယ် နေအိမ်လေးလုံး၊ ၂ ခန်းတွဲ နှစ်ထပ် စစ်သည်နေအိမ် ၂၈ လုံး စုစုပေါင်း နေအိမ် ၃၂ လုံး၊ အခန်းပေါင်း ၁၂၈ ခန်း တည်ဆောက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
 

Credit >>> တပ်တော်သတင်းစဉ်

No comments:

Post a Comment