၂၀၁၅ ဒီဇင်ဘာ ၁၅
ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၅
“ကျွန်တော်က မြစ်ကြီးနားဇာတိပါ၊ ရွှေမှော်တွေမှာ ကျင်သားအလုပ်လုပ်ကိုင်ရင်း လူသစ်စုဆောင်းခံခဲ့ရတာပါ၊ ဟိုမှာက ကျွန်တော့်လိုပဲ မတရားစုဆောင်းခံနေရတဲ့သူတွေ အများကြီးပါ၊ အခွင့်မသာသေးလို့ ထွက်ပြေး မလာနိုင်သေးတာပါ ”ဟု အလင်းဝင်ရောက်လာသူ မောင်ထွန်းနွယ်ဦး ကပြောသည်။
Credit >>> Kachin Daily News
ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အင်ဂျားယန်မြို့နယ်ခွဲတွင် ဒီဇင်ဘာလ
၁၂ ရက်၌ KIA အဖွဲ့မှ တပ်သား အဆင့်ရှိသူတစ်ဦးသည်
နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်ရှေ့တန်းစခန်းသို့
လက်နက်/ခဲယမ်း များဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း
တာဝန်ရှိသူအရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။ အဆိုပါ အလင်းဝင်ရောက်လာသော တပ်သား ထွန်းနွယ်ဦး ၊ အသက် ၂၄ နှစ်၊ ဗမာ/ဗုဒ္ဓ
သည် ၎င်းနင့်အတူ M-22 အမျိုးအစားသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၆
တောင့် ပါဝင်ကြောင်း သိရှိရသည်။
“ငြိမ်းချမ်းရေးကို
အမှန်တကယ်ယူစေချင်ပြီ၊ မငြိမ်းချမ်းတော့ ဒေသဖွံ့ဖြိုးရေးက
တခြားပြည်နယ်တွေနဲ့ ယှဉ် ရင် နောက်ကျကျန်ခဲ့တယ်၊ နိုင်ငံတော်သမ္မတကြီးကလည်း
ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲဖိတ်ခေါ်နေတယ်၊ KIA ခေါင်းဆောင်တွေအနေနဲ့
ကိုယ့်မိသားစုကောင်းစားရေးတစ်ခုတည်းကိုပဲ မကြည့်သင့်ဘူး၊ ဒေသမှာရှိတဲ့
တိုင်းရင်းသားတွေရဲ့ ဘဝကို ကြည့်သင့်တယ်”ဟု မြစ်ကြီးနားမြို့ခံ
အစိုးရဝန်ထမ်းတစ်ဦး ကပြောသည်။
၎င်းသည် KIA အဖွဲ့ တပ်မဟာ(၁) လက်အောက်ခံ၊
ရင်း(၄)၊ နော်ကူးယန်မှဖြစ်ပြီး KIA တပ်ဖွဲ့တွင်
ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သောကြောင့်
အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က မြစ်ကြီးနားဇာတိပါ၊ ရွှေမှော်တွေမှာ ကျင်သားအလုပ်လုပ်ကိုင်ရင်း လူသစ်စုဆောင်းခံခဲ့ရတာပါ၊ ဟိုမှာက ကျွန်တော့်လိုပဲ မတရားစုဆောင်းခံနေရတဲ့သူတွေ အများကြီးပါ၊ အခွင့်မသာသေးလို့ ထွက်ပြေး မလာနိုင်သေးတာပါ ”ဟု အလင်းဝင်ရောက်လာသူ မောင်ထွန်းနွယ်ဦး ကပြောသည်။
တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအတွက်
အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးအတွက်
အမြဲလက်ကမ်းကြိုဆိုလျက်ရှိကြောင်း၊ အခုအလင်းဝင်ရောက်လာသူ အားလည်း မိမိတို့
နယ်မြေခံရှေ့တန်းစခန်းတွင် ကောင်းမွန်စွာစောင့်ရှောက် ထားကြောင်း၊ အထက်သို့
အဆင့်ဆင့် သတင်းပို့ပြီး စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း
နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသော စစ်ကြောင်းမှ အရာရှိတစ်ဦးက
ပြောကြားသွားခဲ့သည်။
ဆိုင်းနောင်(ဖားကန့်)Credit >>> Kachin Daily News
No comments:
Post a Comment