၂၀၁၅ ဒီဇင်ဘာ ၃၀
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊
ဝမ်လွိုင်ကျေးရွာအုပ်စု၊ ၀မ်လွိုင်ကျေးရွာသို့ ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် SSPP/ SSA
အဖွဲ့တစ်ဖွဲ့မှ ရောက်ရှိလာပြီး ဒေသခံတိုင်းရင်းသားများအား လူသစ်နှင့် ဆက်ကြေးငွေများ
အတင်းအကြပ်ကောက်ခံသွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။
“ သူတို့အဖွဲ့က ရွာကိုခဏခဏလာပြီး ဟိုဟာတောင်းလိုက် ဒီဟာတောင်းလိုက်နဲ့ အခုလည်း လူသစ် ၃ယောက် ပေးရမယ်လို့ပြောတယ်၊ ရွာသားတွေကလည်း ပေးရတာများတော့ ဘယ်လိုလုပ်ပေးရ မှန်းမသိ ဖြစ်နေကြတယ်၊ မပေးပြန်ရင်လည်း ဒဏ်ငွေဆောင်ခိုင်းတယ်၊ ဒဏ်ငွေကလည်း လူသစ် ၁ ယောက်ကို ၅ သိန်းနှုန်း သူတို့က သတ်မှတ်ထားတယ်” ဟု ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။
SSPP/ SSA အဖွဲ့သည် လူသစ်နှင့် ဆက်ကြေးငွေကောက်ခံခြင်းများအား
မိုင်းရှူးမြို့နယ်၊ ၀မ်လွိုင်ကျေးရွာ အုပ်စု၊ မော်မေ့ကျေးရွာအုပ်စု၊ ၀မ်ဆော့ကျေးရွာအုပ်စု၊
ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်များတွင် အတင်း အကြပ် လိုက်လံကောက်ခံနေကြောင်း
ဝမ်လွိုင်ကျေးရွာသားတစ်ဦးမှ ပြောပါသည်။
SSPP/ SSA အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများထံမှ လူသစ်၊
ဆက်ကြေးငွေနှင့် ရိက္ခာတောင်းခံခြင်း များသည် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း
ထိခိုက်ဒဏ်ရာရရှိမှုများသဖြင့် အတင်း အကြပ်ကောက် ခံနေမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြပြီး
တောင်ယာ စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲဖြစ်နေကြောင်းနှင့် မိသားစုစားဝတ်နေရေးအတွက်
အဆင်မပြေဖြစ်နေကြောင်း မိုင်းရှူးမြို့ခံ တစ်ဦးမှ ပြောပါသည်။ အဆိုပါ SSPP/ SSA
အဖွဲ့သည် အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCAတွင် လက်မှတ်ရေးထိုးရန်
အကြောင်းကြားထားသော်လည်း အဆင်သင့်မဖြစ်သေးဟု အကြောင်းပြန် ထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
ခွန်စစ်အောင်
“ သူတို့အဖွဲ့က ရွာကိုခဏခဏလာပြီး ဟိုဟာတောင်းလိုက် ဒီဟာတောင်းလိုက်နဲ့ အခုလည်း လူသစ် ၃ယောက် ပေးရမယ်လို့ပြောတယ်၊ ရွာသားတွေကလည်း ပေးရတာများတော့ ဘယ်လိုလုပ်ပေးရ မှန်းမသိ ဖြစ်နေကြတယ်၊ မပေးပြန်ရင်လည်း ဒဏ်ငွေဆောင်ခိုင်းတယ်၊ ဒဏ်ငွေကလည်း လူသစ် ၁ ယောက်ကို ၅ သိန်းနှုန်း သူတို့က သတ်မှတ်ထားတယ်” ဟု ရပ်မိရပ်ဖတစ်ဦးမှ ပြောပါသည်။
SSPP/
SSPP/
ခွန်စစ်အောင်
Credit >>> Shan News
No comments:
Post a Comment