Monday, December 14, 2015

ထွက်ပြေးလွတ်မြောက်သွားသည့် KIA တပ်ဖွဲ့ဝင် ၅ ဦးအား ပြန်လည်ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ ဒီဇင်ဘာ ၁၄  


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ထွက်ပြေးလွတ်မြောက်သွားသည့် KIA တပ်ဖွဲ့ဝင် ၅ ဦးအား ထွက်ပြေး တိမ်းရှောင်မှုဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။ 

ဖားကန့်မြို့နယ်၌ ထွက်ပြေးလွတ်မြောက်သွားသည့် KIA တပ်ဖွဲ့ဝင် ၅ ဦးအား ထွက်ပြေးတိမ်းရှောင်မှုဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ ပြန်လည်ဖမ်းဆီး၍ မိုးကောင်း-ကာမိုင်းလမ်းအား ဂေါ်ရီကျေးရွာနှင့် မံဒင်ကျေးရွာတို့အကြားမှ ဖြတ်သန်းကာ တောလမ်းကြောင်းအတိုင်း ရင်း(၆)ဘက်သို့ ခေါ်ဆောင်သွားကြောင်း မံဒင်ရွာသားတစ်ဦးက ပြောပြသည်။

“ ကျနော်တို့ရွာနားက KIAအဖွဲ့တွေ ဖြတ်သွားတာ၊ ဆက်ကြေးကောက်ဖို့လာတယ်ထင်နေတာ၊ သူတို့အဖွဲ့က ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ရက်ရက်စက်စက်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာတွေ့လိုက်ရတယ်၊ ထွက်ပြေး သွားတဲ့သူတွေကလည်း သူတို့အဖွဲ့မှာ ဘယ်နေချင်မှာလဲဗျာ၊ လက်အောက်ငယ်သားဘ၀နဲ့ သူတို့ခိုင်းသမျှ အကုန်လုပ်နေရတာ၊ KIA အဖွဲ့က ပြောတော့ ကချင်လူမျိုးကောင်းစားရေးတဲ့ လုပ်တော့ ဆက်ကြေးကောက်၊ လူသစ်စုတဲ့ အလုပ်တွေပဲ လုပ်နေကြတာလေ၊ ဒေသခံတွေကို အမျိုးမျိုးဒုက္ခပေးနေကြတာ၊ သူတို့အဖွဲ့မှာ လက်အောက်ငယ်သားတွေက ပေးထားတဲ့ လစာနဲ့ရိက္ခာက မလုံလောက်ကြဘူး၊ စားရ မဲ့သောက်ရမဲ့နဲ့ ဖြစ်နေကြရတာ၊ သူတောင်းစားကမှ ထမင်းနပ်မှန် သေးတယ်၊ ခေါင်းဆောင်ပိုင်းတွေက ကြီးပွား ချမ်းသာနေကြတယ်၊ တရားမျှတမှုကလည်းမရှိဘူးလေ၊ သူတို့အဖွဲ့က အပြောနဲ့အလုပ်တခြားစီဖြစ်နေတော့ လက်အောက်ငယ်သားတွေက မနေနိုင်လို့ ထွက်ပြေးကြတာ ဖြစ်နိုင်တယ် ” ဟု ၎င်းက ဆက်လက်ပြောပြ ပါသည်။

KIA အဖွဲ့သည် ထွက်ပြေးလွတ်မြောက်သွားသည့် တပ်ဖွဲ့ဝင် ၅ ဦးအား ထွက်ပြေးတိမ်းရှောင်မှုဖြင့် ပြန်လည် ဖမ်းဆီး၍ ရင်း(၆)သို့ ခေါ်ဆောင်သွားကြောင်းနှင့် ကျန်ရှိနေသည့် ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း ဖားကန့်မြို့ နယ်အတွင်းရှိ ကျေးရွာများသို့ လိုက်လံဖမ်းဆီးနေကြောင်း သိရှိရပါသည်။
နော်ဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment