၂၀၁၅၊ ဒီဇင်ဘာလ ၁၅
Lashio Thar
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် SSA(၀မ်ဟိုင်း)အဖွဲ့မှ မြို့နယ်မှူးအဆင့်ရှိ ကျောက် ရှန် ခေါင်းဆောင်သည့် အင်အား ၁၀ ဦးခန့်သည်
လက်နက်ကိုယ်စီ ကိုင်ဆောင်လျက် သီပေါမြို့နယ်၊ အုံမုကျေးရွာသို့
ရောက်ရှိလာပြီး ဘော်ကြိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေထံသို့
ဘော်ကြိုကျေးရွာ အုပ်စုအတွင်းရှိ ဘော်ကြိုကျေးရွာ၊ ပန်ကြည်ကျေးရွာ၊ ကောင်းခါးကျေးရွာ၊
တွန်ခေါကျေးရွာ၊ ပန်စောကျေးရွာ၊ ဟိုမော်ကျေးရွာများမှ ၂၀၁၆ခုနှစ်အတွက်
လူသစ် ၅၀ဦးနှင့် ပေးသွင်းရန် ဆက်ကြေးငွေအဖြစ် ပရိဘောဂ လုပ်ငန်းရှင်
၁ဦးလျှင် ၅၀၀၀၀ကျပ်၊ ၀ပ်ရှော့ လုပ်ငန်းရှင် ၁ဦးလျှင် ၅၀၀၀၀ကျပ်၊
ထုံး/သဲ/ကျောက် လုပ်ငန်းရှင် ၁ဦးလျှင် ၅၀၀၀၀၀ကျပ်၊ ထော်လာဂျီ
အကြီး(သို့မဟုတ်)အသေး ၁စီးလျှင် ၅၀၀၀၀၀ကျပ်၊ သရီးကရောင်းယာဉ်နှင့်
၆လုံးထိုး ဖောယာဉ် ၁စီးလျှင် ၁၅၀၀၀၀ကျပ်၊ ၁၀ဘီးယာဉ် ၁စီးလျှင် ၁၀၀၀၀၀၀ကျပ်၊
၁၂/၁၈ ဘီးယာဉ် ၁စီးလျှင် ၁၂၀၀၀၀၀ကျပ်၊ ၂၂ဘီးယာဉ် ၁စီးလျှင် ၁၆၀၀၀၀၀ကျပ်၊
ယာဉ်ငယ် ၁စီးလျှင် ၁၀၀၀၀၀ကျပ် စသည့်နှုန်းထားများဖြင့် ကောက်ခံပြီး
၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလမကုန်မီ နောက်ဆုံးထား၍ လာရောက်ပေးသွင်းရန်နှင့်
ပေးသွင်းရမည့်နေရာအား ထပ်မံဆက်သွယ်သွားမည်ဖြစ်ကြောင်း ၄င်းတို့အဖွဲ့မှ
ဆက်သားစေလွှတ် အကြောင်းကြားခဲ့ကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောပြချက်အရ
သိရှိရပါသည်။
SSA(၀မ်ဟိုင်း)အဖွဲ့သည် ပြည်သူလူထုအား လက်နက်အားကိုးဖြင့် မတရားသဖြင့်
အနိုင်ကျင့်ကာ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးများ စဉ်ဆက်မပြတ် ကောက်ခံခြင်း
စသည့် လုပ်ရပ်များ လုပ်ဆောင်နေခြင်းကြောင့် ဒေသအတွင်း နေထိုင်လျက်ရှိသော
ပြည်သူလူထုမှာ ၄င်းတို့၏ နေထိုင်ရာဒေသ များတွင် မနေရဲတော့ကြတော့ပဲ
မြို့ပေါ်ရပ်ကွက်များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း
ဘော်ကြိုကျေးရွာမှ ရွာသားတစ်ဦးက ပြောပြသည်။
No comments:
Post a Comment