၂၀၁၅ ဒီဇင်ဘာ ၃၁
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအနီးတစ်ဝိုက်တွင်
ပယင်းလာရောက် တူးဖော်လုပ်ကိုင်နေ သူများအား KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး
ခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။
တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအနီး ထန်းပလားလယ်ကွင်းဝန်းကျင်သို့
ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ပယင်းလာရောက် တူးဖော်လုပ်ကိုင်နေသူ
လီဆူးလူမျိုး ၄ ဦး ဖြစ်သော မောင်ဖီး လီဆာ၊ မောင်ဆီးရဲ့ဟဲ၊ မောင်နောဖာဆီး၊ မောင်ဂျေယောဒွေ့အပါအ၀င်
ဒေသခံ/အခြားဒေသများမှ ကျား/ မ ၅၅ ဦးအား အင်ဂါဂါးသို့ အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊
ထန်းပလားလယ်ကွင်း အနီးဝန်း ကျင် တောင်ကြောတစ်ဝိုက်တွင် ပယင်းကျောက်ထွက်ရှိမှုများသဖြင့်
KIAအဖွဲ့မှ ပယင်းကျောက် လာရောက် တူးဖော်မှုမရှိစေရေးအ တွက် မိုင်းများထောင်ထားကြောင်းလ ည်း
မိုင်းခွန်ရွာသားတစ်ဦးမှ ပြောပါသည်။
“ သူတို့ပိုင်တဲ့မြေများအောက် မေ့နေလားမသိဘူး၊ ပယင်းလာရောက်တူးတဲ့သူတွေဆီမှာ
KIA အဖွဲ့က လက်နက်အားကိုးနဲ့ ဆက်ကြေးကောက်၊ လူသစ်စုတဲ့အပြင် ပတ်ဝန်းကျင်မှာ မိုင်းပါထောင်တယ် ဆိုတော့
တော်တော်ယုတ်မာလွန်းနေပြီ၊ ဟိုတလောတုန်းကလည်း KIA အဖွဲ့တစ်ဖွဲ့ ထန်းပလားလယ်ကွင်း ပတ်ဝန်းကျင်
တစ်ဝိုက်မှာရှိတဲ့ လယ်တဲတွေမှာ ရိုးသားစွာ တောင်ယာလုပ်ကိုင် စားသောက်နေ တဲ့ ဒေသခံတောင်သူ
လယ်သမား ၂၀ ကျော်ကိုလည်း တပ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ သေးတယ်၊ အခုလည်းကြည့်လေ မှော်သူ/မှော်သား ၅၅ ဦးတောင်ဖမ်းပြီး လူသစ်သင်တန်း တက်ခိုင်းနေတယ် ဆိုတော့
မိုက်ရိုင်းချက်က ကမ်းကုန်နေပြီ ” ဟု ဖမ်းဆီးခံခဲ့ရသည် မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ
သိရသည်။
ကောင်းစံ(ဖားကန့်)
“ သူတို့ပိုင်တဲ့မြေများအောက်
ကောင်းစံ(ဖားကန့်)
Credit >>> Kachin Daily News
No comments:
Post a Comment