၂၀၁၅ ဒီဇင်ဘာ ၂၇
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ မန်စီမြို့၊ ကိုက်ထိပ်ကျေးရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်၌
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် KIA အဖွဲ့မှ မိုင်းများထောင်ထားသောကြောင့် ဒေသခံများအနေဖြင့် နင်းမိမည်ကို စိုးရိမ်ထိတ်လန့်လျက် ရှိကြောင်း ယင်းဒေသခံများထံမှ သိရပါသည်။
မန်စီမြို့၊ ကိုက်ထိပ်ကျေးရွာ အနီးတစ်ဝိုက်သို့ KIA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး
အစိုးရတပ်များ ၀င်ရောက် သွားလာလှုပ်ရှားမှု မပြုလုပ်နိုင်စေရန်
တောလမ်းများတွင် မိုင်းများ လိုက်လံထောင် ထားသောကြောင့် ဒေသခံ များအနေဖြင့်
မိုင်းနင်းမိမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း ကိုက်ထိပ်ကျေးရွာ၊ ရွာသားတစ်ဦးမှ ပြောပြ ပါသည်။
“ရွာဘက်ကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာတယ်၊ အစိုးရတပ်တွေ ၀င်ရောက်သွားလာမှုကို
တားဆီးဖို့ ဆိုပြီး ကျေးရွာနားက တောလမ်းတွေမှာ
မိုင်းတွေလိုက်ထောင်နေကြတယ် ၊
ရွာသူရွာသားတွေက တောင် ယာ၊ ထင်းခုတ်၊ ၀ါးခုတ်နဲ့ မျှစ်ချိုးတဲ့
အလုပ်တွေကိုလုပ်ကိုင်ဖို့ ရွာအပြင်ကိုသွားလာနေကြရတာ၊ ရွာနားမှာ လည်း
သူတို့ထောင်ထားတဲ့ မိုင်းတွေကရှိနေတော့ နင်းမိပေါက်ကွဲပြီး
ထိခိုက်ဒဏ်ရာရမှာကို စိုးရိမ်နေကြတယ်၊ နင်းမိရင်လည်း ဆေးဝါကုသမပေးတဲ့အပြင်
သူတို့ထောင်ထားတဲ့ မိုင်းတန်ဖိုး ကို ပေးလျော်ခိုင်းမှာလေ၊ စားဝတ်နေရေးအတွက်
ရွာအပြင်ကို မသွားရင်လည်း မဖြစ်ဘူးလေ၊ ဒါကြောင့် ရွာသူရွာသားတွေအနေနဲ့ ရွာ
အပြင်ကိုထွက်ရင် သတိထားသွားလာကြပါလို့ သတိပေးထားရတယ်’’ ဟု
စိုးရိမ်စိတ်များဖြင့် ၎င်းက ဆက်လက်ပြောပြခဲ့ပါသည်။
KIA အဖွဲ့သည် အစိုးရတပ်များ ၀င်ရောက်သွားလာမှု မပြုလုပ်နိုင်စေရန် ကျေးရွာများအနီးတစ်ဝိုက်တွင် မိုင်းထောင်ခြင်းများအား မကြာခဏပြုလုပ်နေခြင်းကြောင့် ဒေသခံများအနေဖြင့် မိုင်းအန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး မိုင်းနင်းမိမည်ကိုလည်း စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ပြောပြ သည်။
နော်ဂျာCredit >>> Kachin Daily News
No comments:
Post a Comment