Sunday, December 27, 2015

မိုးညှင်းမြို့နယ်အတွင်း KIA မှ ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ

၂၀၁၅ ဒီဇင်ဘာ ၂၇



ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးရှိ ကျေးရွားများအား KIA အဖွဲ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံသွားကြောင်း ယင်းဒေသခံရွာသား အချို့ထံမှ သိရပါသည်။

အဆိုပါ KIA အဖွဲ့တစ်ဖွဲ့သည် နံနက် ၁၀ နာရီချိန်ခန့်တွင် နန့်စီးအောင်ကျေးရွာ၊ လွယ်ဆိုင်ကျေးရွာနှင့် ကထန်ယန်ကျေးရွာများသို့ လက်နက်များကိုင်ဆောင်လျက် ရောက်ရှိလာပြီး အစိုးရစစ်ကြောင်းများ၏ လုံခြုံရေးသတင်းများစုံစမ်းရန် အကြောင်းပြကာ ရိက္ခာနှင့်ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ သွားကြောင်း အမည်မဖော်လိုသူ ဒေသခံကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောပါသည်။

KIA အဖွဲ့သည် မိုးညှင်းမြို့နယ် ကျေးရွာများမှာ ရိက္ခာနှင့်ဆက်ကြေးငွေများကို နေ့စဉ်နှင့်အမျှ ကောက် ခံ နေကြောင်း၊ KIA အထက်လူကြီးများအနေဖြင့်လည်း လက်အောက်ငယ်သားများကို ဆက်ကြေးကောက် ခိုင်းရာတွင် အမာခံများမွေးမြူခိုင်းထားသည့်အပြင် ဘာသာရေးသင်းအုပ်ဆရာများကိုပင် လက်နက်ဖြင့် ခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခိုင်းခြင်းများပြုလုပ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရပါသည်။

ယခုကဲ့သို့ ရိက္ခာနှင့်ဆက်ကြေးငွေတွေ အတင်းအကြပ်ကောက်ခံနေတော့ ဒေသခံရွာသူ၊ ရွာသားများမှာ ဆင်းရဲဒုက္ခ ပိုမိုရောက်နေကြကြောင်း၊ KIA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားမှုမရှိသော အရိပ် အယောင်များကို တွေ့နေရကြောင်းနှင့် အစိုးရမှကမ်းလှမ်းလျက်ရှိသော ငြိမ်းချမ်းရေးကိုပျက်ပြားအောင် ပြု လုပ်ရာရောက်နေသောကြောင့် ဒေသခံတိုင်းရင်းသားများမှာ KIA အဖွဲ့၏ လုပ်ရပ်များအပေါ် စိတ်ပျက်လျက် ရှိကြောင်း၊ ငြိမ်းချမ်းရေး မျှော်လင့်ချက်မှာလည်း မှေးမှိန်နေဆဲဖြစ်ကြောင်း မိုးညှင်းမြို့ခံ ရှေ့နေတစ်ဦးက သုံးသပ်ပြောကြားပါသည်။
နော်ဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment