၂၀၁၅ ဒီဇင်ဘာ ၃
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သည့်
သင်တန်းတွင် သင်တန်းသားဦးရေ နည်းပါး သဖြင့် KIA အဖွဲ့မှ ကျေးရွာများအတွင်း လူသစ်များ
အတင်းအကြပ်လိုက်လံဖမ်းဆီးနေ ကြောင်း ယင်းဒေသခံ များထံမှ သိရှိရသည်။
ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သောသင်တန်းတွင်
တက်ရောက်လျက်ရှိသည့် သင်တန်းသားဦးရေ နည်းပါးသဖြင့် KIAအဖွဲ့မှ ဒီဇင်ဘာလ ၁ ရက်နေ့တွင်
ဇန်နောင်ယန်ကျေးရွာမှ မောင်ဒေါင်ခွန်း၊ ၂၀ နှစ်နှင့် မောင်ခေါင်လွန်း၊ ၁၉ နှစ်တို့အားလည်းကောင်း၊
မျောမောပါကျေးရွာမှ လူငယ် ၄ ဦးအား လည်းကောင်း လူသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီးသွားကြောင်း
မျောမောပါရွာသားတစ်ဦးမှ ပြောပြပါသည်။
“ရွာထဲကို KIA အဖွဲ့တွေရောက်လာတယ်၊ ည ၉ နာရီလောက်မှာရောက်လာတာ၊ ရွာထဲမှာ နာရေးကိစ္စရပ်တွေ ဆောင်ရွက်နေတဲ့ မောင်ဒေါင်ခွန်းနဲ့ မောင်ခေါင်လွန်းတို့ နှစ်ယောက်ကို လူသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီးသွားတာ၊ နာရေးဆောင်ရွက်နေတာတောင် လူမှုရေးနားမလည်ဘူး၊ သူတို့အင်အား ရဖို့ အတွက်ပဲကြည့် တယ်၊ တစ်ဗို့တည်း သမားတွေ၊ အဖမ်းခံရတဲ့ရွာသား၂ ယောက်ရဲ့ မိသားစုတွေကိုတော့ သနားမိပါတယ်’’ ဟု ဇန်နောင်ယန်ကျေးရွာမှ ရွာသားတစ်ဦးက ပြောပြသည်။
“ရွာကို KIA အဖွဲ့တစ်ဖွဲ့ရောက်လာတယ်၊ ပြီးတော့ ရွာသားတွေကို လူသစ်အဖြစ် အတင်းလိုက်ဖမ်းတာ၊ ရွာထဲမှာလည်း ဆူညံနေတာပဲဗျာ၊ ရွာသားတွေလည်း ထွက်ပြေးနေကြတယ်၊ တချို့လည်း ပုန်းနေကြတယ်၊ တချိ့ကတော့ အိမ်အပြင်ကိုတောင် မထွက်ရဲကြဘူးလေ၊ နောက်ဆုံးတော့ လယ်ယာလုပ်ကိုင်ပြီး ပြန်လာ တဲ့ရွာသား ၄ ယောက်ကို လူသစ်အဖြစ် အဓမ္မလိုက်ဖမ်းနေတာ၊ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေ တဲ့ ရွာသားတွေကို လူသစ်အဖြစ် ဖမ်းခေါ်သွားတာ၊ KIA က ဖွင့်တဲ့ စစ်သင်တန်းမှာ ဇွတ်အတင်းတက်ခိုင်းဖို့ လိုက်ဖမ်းနေတာ” ဟု မျောမောပါ ရွာသားတစ်ဦးကလည်း ပြောပြသည်။
ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးဖွင့်လှစ်သေ

KIA အဖွဲ့သည် ကျေးရွာများမှ ဒေသခံရွာသားများအား ၎င်းတို့ဖွင့်လှစ်သော စစ်သင်တန်းသို့ တက်ခိုင်း ရန်အတွက် လူသစ်အဖြစ် လိုက်လံဖမ်းဆီးနေသောကြောင့်
Credit >>> Kachin Daily News
No comments:
Post a Comment