Saturday, December 5, 2015

KIA သောင်းကျန်းသူအဖွဲ့မှ ကွတ်ခိုင်မြို့နယ်၊ ကျေးရွာများမှ အရွယ်မရောက်သေးသော ကလေးငယ်များအပါအ၀င် ရွာသား ၈ ဦးအား လူသစ်အဖြစ် အတင်းအဓမ္မဖမ်းဆီး

၂၀၁၅ ဒီဇင်ဘာ ၅


ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကိုင်ပန်လော့အုပ်စု၊ ပန်လော့ကျေးရွာသို့  KIA နှင့် TNLA ပူးပေါင်း အဖွဲ့ သောင်းကျန်းသူ အင်အား (၈၀) ဦးခန့်သည် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ကိုင်ဆောင်၍  ရောက်ရှိ လာပြီး လူသစ်စုဆောင်းခြင်းများကို အတင်းအကြပ် ပြုလုပ်နေကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရှိရ ပါသည်။

“ ကျွန်တော်တို့ရွာကို KIA အဖွဲ့တွေ ည ၇ နာရီခွဲ လောက်မှာ ရောက်လာတယ်။ လူအင်အားက (၈၀) လောက်ရှိတယ်။ ပြီးတော့ ရွာထဲမှာ တွေ့တဲ့ လူငယ်တွေကို သူတို့အတွက် လူအင်အားလိုတယ်ဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားတယ်။ သူတို့ခေါ်သွားတဲ့အထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေတောင်ပါသေးတယ်။ ကျွန်တော်တို့ရွာက ရွာသား ၈ ယောက် ပါသွားတယ်။ ရွာတွေကလည်း လူသစ်တွေအစု ခံနေရတော့ ထွက်ပြေးတာတွေရှိတယ်။ ပုန်းနေတာတွေ လည်းရှိတယ်။ အခု ကျွန်တော်တို့ရှမ်းပြည်နယ်ထဲမှာလာပြီး KIA အဖွဲ့ကဆက်ကြေးကောက်လူသစ်စုနေတာ အရမ်း လွန်နေပြီ၊ ဒါဟာမဖြစ်သင့်ဘူး။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် KIA ၏ လုပ်ဆောင်ချက်များအား  ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေလိုပါတယ် " ဟု ဒေသခံရွာသားတစ်ဦးမှပြောပါသည်။

လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်ခံရသော ရွာသားများမှာ မောင်မင်ချုံ (၁၄)နှစ်၊ မောင် ဖန်စင်းဝင့် (၁၁)နှစ်၊ မောင်ရန်အင်းရင် (၁၁)နှစ်၊ မောင်ရန်ယုံချိန် (၁၃)နှစ်၊ မောင်လျှို့ယုံဖျင့် (၁၃)နှစ်၊ မောင် ရန်ယုံကွေ (၂၀)နှစ်၊ မောင်ရန်ယုံဖ (၂၀)နှစ်၊ မောင်စီစင်းယုံ (၂၂)နှစ်တို့ (၈)ဦးဖြစ်ကြောင်း သိရသည်။

“TNLA သောင်းကျန်းသူအဖွဲ့နှင့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုမှာ TNLA ဘက်က အထိနာခဲ့တဲ့ အတွက် KIA အဖွဲ့နဲ့ ပူးပေါင်းကာ ဒေသခံရွာသားတွေကို လူသစ်အဖြစ်စုပြီး RCSS/SSA ကို လက်တုံ့ပြန် တိုက်ခိုက်ဖို့ ပြင်နေတာ ဖြစ်ကြောင်း သိရတယ်။ အခုတော့ ကျွန်တော်တို့ရှမ်းပြည်နယ်ကြီးက TNLAက လူသစ်စု၊ ဆက်ကြေးကောက်၊ SSPP/SSA အဖွဲ့က လူသစ်စု၊ ဆက်ကြေးကောက်သည့်အပြင် နောက် ထပ်တောင် KIA အဖွဲ့တွေရဲ့ နယ်မြေကျူးကျော် လူသစ်စုမှု၊ ဆက်ကြေး ကောက်မှုတွေကိုပါ အလူးအလဲ ခံစားနေရတယ်” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးမှ ပြောကြားသွားပါသည်။
Lashio Thar

No comments:

Post a Comment