နေပြည်တော် ၊ ဒီဇင်ဘာ ၎
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီတွင် မုန်ဒိန်ရပ်ကွက်၊
တနိုင်းမြို့ တွင် နေထိုင် ကြသော မောင်အောင်ကျော်စိုး အသက်(၂၁)နှစ်
(ဘ)ဦးသန်းရွှေ၊ မောင်ဦးရှည် အသက်(၁၉)နှစ် (ဘ)ဦးစံ လှဘော်၊ မောင်ညွန့်
အသက်(၂၉)နှစ် (ဘ)ဦးခင်မောင်စော ရခိုင်လူမျိုး/ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၃
ဦးတို့ သည် အောင်ဘာပယင်းမှော်မှ တနိုင်းမြို့သို့ ပြန်လာစဉ် တနိုင်းမြို့၏
အနောက်တောင်ဘက် ၁၂ မိုင်ခန့် အကွာ၌
ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသော တိုက်မိုင်း ၁ လုံးအား
တိုက်မိပေါက်ကွဲခဲ့ သဖြင့် မောင်အောင်ကျော်စိုး၏ ၀ဲပေါင်၊ ၀ဲလက်မောင်း၊
ဝဲဂျိုင်းကြား၊ မောင်ဦးရှည်၏ ယာဘက်ဝမ်းဗိုက်၊ ယာခြေထောက်၊ ၀ဲဘက်နဖူးနှင့်
မောင်ညွန့်၏ နောက်ကျောပြင်၊ ၀ဲပေါင်၊ ၀ဲခြေထောက်တို့တွင် မိုင်းစထိမှန်
ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် တနိုင်းမြို့၊ ပြည်သူ့ဆေးရုံတွင်
ကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
Credit >>> တပ်မတော်သတင်းစဉ်
No comments:
Post a Comment