Wednesday, December 30, 2015

ဒေသခံဈေးဆိုင်ပိုင်ရှင်များထံမှ KIA အဖွဲ့ဆက်ကြေးကောက်ခံ

၂၀၁၅ ဒီဇင်ဘာ ၃၀

 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျေးရွာများအတွင်းရှိ နေအိမ်များတွင် ဖွင့်လှစ်ရောင်းချနေသော ဈေး ဆိုင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံလျက်ရှိကြောင်း ဈေးဆိုင်ဖွင့်ထားသော ဒေသခံ တစ်ဦးမှ ပြောသည်။

ဖားကန့်မြို့နယ်၊ လ၀ါးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွင်း နေအိမ်များတွင် ဖွင့်လှစ်ရောင်း ချနေသော ဈေးဆိုင်များမှ ဆက်ကြေးငွေကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ အထိ ကောက်ခံထားကြောင်းနှင့် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချနေသူများထံမှလည်း KIA အဖွဲ့ဝင်များသည် လာရောက်စားသောက် သွားသည့်အပြင် ဆက်ကြေးငွေများလည်း ကောက်ခံသွားကြောင်း စားသောက်ဆိုင်ဖွင့်ထားသော ဒေသခံ တစ်ဦးမှ ပြောပြပါသည်။


အဆိုပါဆက်ကြေးတောင်းမှုနှင့်ပတ်သက်၍ “ကျွန်တော်တို့က ဈေးဆိုင်ဆိုပေမယ့် ဆိုင်ကြီးဖွင့်ပြီး ရောင်း တာလည်းမဟုတ်ဘူး ကျွန်တော်တို့ ခြံထဲမှာ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်လေးတွေနဲ့ မုန့်ပဲ သရေ စာလေးတွေကို ပိုက်ဆံတတ်နိုင်သလောက်လေး တင်ပြီးရောင်းကြတာပါ အဲဒါကို အခုလို ဆက်ကြေးတောင်း တယ်ဆိုတော့ လွန်လွန်းတာပေါ့ဗျာ ပြောပြပေမယ့်လည်း KIA အဖွဲ့က လက်မခံပဲ ဆက်ကြေးမပေးချင်ရင် သူတို့အဖွဲ့ထဲကို ၀င်ရမယ်၊ ခိုင်းတာလုပ်ရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတော့ ရှိတာလေးတွေ ပေးကြရ တာပေါ့ဗျာ၊ ဒီလိုမျိုး KIA အဖွဲ့ရဲ့ ဆက်ကြေးကောက်၊ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုးတွေ ကျွန်တော်တို့ဒေသခံတွေ အမြန်ဆုံး လွတ်ကင်းပါစေလို့ပဲ ဘုရားသခင်ဆီမှာ ဆုတောင်းပါတယ်” ဟု ဈေးဆိုင် ပိုင်ရှင်တစ်ဦးမှလည်း ပြောပြပါသည်။

ယခုရက်ပိုင်းအတွင်းတွင် KIA၊ TNLA အဖွဲ့တွေနဲ့ အစိုးရတပ်များ တိုက်ပွဲပြင်းထန်နေချိန်တွင် KIA အဖွဲ့ မှ ဒေသခံများအား ဆက်ကြေးကောက်၊ လူသစ်စုဆောင်းတာတွေကို ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှလည်း ပြောပြခဲ့ပါသည်။
န်ာဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment