Wednesday, December 30, 2015

RCSS/SSA အဖွဲ့မှ ဒေသခံကျေးရွာများအား ဆန်တောင်း၊ ဆက်ကြေးကောက်နှင့် လူသစ်စုဆောင်းခြင်း များ ပြုလုပ်

၂၀၁၅ ဒီဇင်ဘာ ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့နယ်၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ နမ့်ပါမန်းကျေးရွာနှင့်၊ ဟိုလန်းကျေးရွာ များသို့် ဒီဇင်ဘာလ ၂၄ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး လူသစ် စုဆောင်းခြင်းနှင့် ဆက်ကြေးငွေကောက်ခံခြင်းများ ပြုလုပ်နေကြောင်း ယင်းဒေသခံရွာသားများထံမှ သိရ သည်။
 
“RCSS/SSA အဖွဲ့တစ်ဖွဲ့ ကျွန်တော်တို့ရွာကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ လောက်မှာရောက် လာ တယ်၊ ပြီးတော့ကျေးရွာ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး သူတို့တပ်ဖွဲ့ထဲဝင်ဖို့ လူသစ် ၁၀ ယောက်တောင်း လို့ ပေးလိုက်ရတယ်၊ ရွာကဆက်ကြေးတော့မပေးရဘူး၊ ဆန် ၅ အိတ်တော့ပေးလိုက်ရတယ်” ဟု နမ့်ပါမန်း ရွာသားတစ်ဦးမှ ပြောပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များရှိ ဒေသခံကျေးရွာများသည် လူသစ်စု၊ ဆက်ကြေးကောက်မှုကို အမြဲ ခံနေရသောကြောင့် ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် စိုးရိမ်စရာ အနေ အထား ဖြစ်နေကြောင်း၊ ယခုလည်းကျွန်တော်တို့ရွာက တစ်အိမ်ထောင်လျှင် ငွေ ၅၀၀၀ စီပေးလိုက်ရကြောင်း ဆက်ကြေးကောက်၊ လူသစ်စု၊ ဆန်တောင်းမှုတွေကြောင့် ဒေသခံတိုင်းရင်းသားလူထု၏ ဘ၀မှာလည်းနိမ့်ပါး လာကြောင်း ဟိုလန်းရွာသား တစ်ဦးမှ ပြောပြပါသည်။

“ RCSS/SSA အဖွဲ့သည် အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ပါ၊ ဘာဖြစ်လို့ ပြည်သူတွေ ဆီကနေ ဆက်ကြေးငွေကို အတင်းအဓမ္မ ဓါးပြတိုက်သလို တောင်းနေတာလဲ၊ ငြိမ်းချမ်းရေး ယူထားပြီး လူအင်အားစု၊ ဆက်ကြေးကောက်လုပ်နေတာဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေတာပဲ၊ အခုရှမ်းတောင်မှာရှိတဲ့ဒေသခံ တိုင်းရင်းသားတွေမှာ RCSS/SSA ကလူသစ်စု၊ ဆက်ကြေး ကောက်လိုက်၊ SSPP/SSA အဖွဲ့ကလူသစ်စုနဲ့ ဒေသခံ တိုင်းရင်း သားတွေမှာ ဒုက္ခမျိုးစုံခံစားနေ ရတယ်” ဟု ကာလိမြို့ခံတစ်ဦးမှ ပြောကြားသွားပါသည်။
စိုင်းသီဟ

Credit >>> Shan News

No comments:

Post a Comment