၂၀၁၅ ဒီဇင်ဘာ ၇
ဆိုင်နော်(ဖားကန့်)
Kachin Daily News
တနိုင်းမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လူသုံးကုန်၊
စားသောက်ကုန်၊ ရွှေဆိုင်၊ ပယင်းဆိုင်၊ စက်ပစ္စည်း အရောင်းဆိုင်နှင့် ဓာတ်ဆီဆိုင်များအား
တစ်နှစ်စာဆက်ကြေးငွေအဖြစ် တစ်လလျှင် ရှစ်သောင်း ကျပ်နှုန်းဖြင့် ကောက်ခံရာ စုစုပေါင်း
၇၅ သိန်းကျပ်ခန့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံသွားသည်ဟု စက်ပစ္စည်းဆိုင်ရှင်
တစ်ဦးမှပြောပြပါသည်။
“ KIA အဖွဲ့က တောင်းတဲ့ ဆက်ကြေးငွေကအရမ်းများတယ်ဗျ၊ ဒီနှစ်ကတိုက်ပွဲတွေလည်း
ပြန်ဖြစ်နေတော့ လုပ်ငန်းတွေက အဆင်မပြေဘူး၊ မပေးပြန်ရင်လည်း ရန်ရှာအုံးမှာ ၊ ဟိုတလောကတောင်
ဖားကန့်က ကျောက် မျက်ကုမ္ပဏီတွေ မီးရှို့ခံရတယ်သတင်းကြားတယ်၊ အလုပ်ဆက်လုပ်မယ်ဆိုရင်တော့
တောင်းတဲ့ငွေ ရှာကြံပေး ရမှာပေါ့ ” ဟု တနိုင်းမြို့ စက်ပစ္စည်းဆိုင်ရှင်တစ်ဦးက ပြောကြားသွားပါသည်။
“ KIA အဖွဲ့က သူတို့ကိုယ်ကျိုးစီးပွားအတွ က်ပဲ ကြည့်ကြတာ၊
ဒေသခံတိုင်းရင်းသားတွေအပေါ် ဘယ်အရာများ ကြည့်ရှုကြလို့လဲ၊ သူတို့လုပ်တတ်တာဆိုလို့
လူသတ်မယ်၊ ဆက်ကြေးကောက်မယ်၊ သစ်ခိုး ထုတ်မယ် ဒါတွေပဲတတ်တယ်၊ သူတို့ကိုယ်ကျိုးမရသရွေ့
ငြိမ်းချမ်းရေးရအောင် ဘယ်တော့မှ ကြိုးပမ်းကြမှာ မဟုတ်ဘူး” ဟု ဒေသခံ စီးပွားရေးလုပ်ငန်းရှင်
တစ်ဦးမှ ပြောကြားသွားခဲ့သည်။
“ KIA အဖွဲ့က တောင်းတဲ့ ဆက်ကြေးငွေကအရမ်းများတယ်ဗျ၊
“ KIA အဖွဲ့က သူတို့ကိုယ်ကျိုးစီးပွားအတွ
ဆိုင်နော်(ဖားကန့်)
Kachin Daily News
No comments:
Post a Comment