၂၀၁၅ ဒီဇင်ဘာလ ၁၈
၂၀၁၅ခုနှစ်၊
ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၈နာရီအချိန်ခန့်တွင် လောက်ကိုင်မြို့ အရှေ့မြောက်ဘက် ရန်လုံကျိုင်းကျေးရွာ
အနီးတ၀ိုက်တွင် ပေါက်ကွဲသံ တစ်ချက်စီ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။ ၄င်းပေါက်ကွဲမှု
ဖြစ်ပွားသည့် နေရာများအား တပ်မတော်စစ်ကြောင်းများမှ သွားရောက်ရှင်းလင်းရာ အမြင့်ပေ
၁၅မီတာ ရှိပြီး မီးကြိုး ၄ချောင်းပါ သံကူကွန်ကရစ် ဓါတ်မီးတိုင် ၄တိုင်အနက် ၂တိုင်မှာ MNDAA
သောင်းကျန်း သူများမှ မိုင်းကပ်ခွဲမှုကြောင့် အောက်ခြေ ၃ပေခန့်အကွာမှ ပြတ်ကျပျက်စီး သွားကြောင်း
သိရှိရပါသည်။
အဆိုပါဓါတ်အားလိုင်းမှာ တရုတ်နိုင်ငံ နန်ဆန်မြို့မှ လောက်ကိုင်မြို့သို့
၁၉၉၅ခုနှစ်ခန့်က ဗို့အား ၃၅၀၀ဖြင့် ဆောက်လုပ် သွယ်တန်းထားသည့် ဓါတ်အားလိုင်းဖြစ်သည်။
အဆိုပါ ဓါတ်အားလိုင်းများ လဲကျ ပျက်စီးမှုကြောင့် လောက်ကိုင်မြို့တွင်း၌ လျှပ်စစ်မီး
ပြတ်တောက်လျက်ရှိကြောင်း လောက်ကိုင် မြို့ခံတစ်ဦး ၏ ပြောပြချက်အရ သိရသည်။
သောင်းကျန်းသူများသည်
လောက်ကိုင်မြို့ရှိ ဒေသခံပြည်သူများ ထိတ်လန့်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ မသမာသည့် လုပ်ရပ်များ
လုပ်ဆောင်လျက်ရှိခြင်းကို ဒေသခံပြည်သူများမှ အပြင်းအထန် ဆန့်ကျင်ရှုတ် ချပြီး သောင်းကျန်းသူများအား
အမြတ်ပြတ် တိုက်ခိုက်ချေမှုန်းပေးရန် လိုလားလျက်ရှိကြောင်း သိရှိရသည်။
Lashio
Thar
No comments:
Post a Comment