Thursday, December 10, 2015

KIA အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး ထွက်ပြေးလွတ်မြောက်လာပြီး အလင်းဝင်ရောက်

၂၀၁၅ ဒီဇင်ဘာ ၁၀
 

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်၌ အခြေပြုလှုပ်ရှားနေသော KIA အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးသည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့၏ အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာရှိ နားလုံကွင်းနေရာမှ လူသစ်အဖြစ် ဖမ်းဆီးသွားသည့် နော်ဆိုင်း(ခ)ဘရန်ဆိုင်း ၂၈ နှစ်နှင့် ဂမ်ဆိုင်း ၃၇ နှစ်တို့အား KIA အဖွဲ့ဝင်အဖြစ် ရင်း(၅) ဌာနချုပ်တွင် အတင်းအကြပ်တာဝန်ထမ်းဆောင်ခိုင်းရာမှ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး ဆင်ဘိုမြို့၊ မြို့မရဲစခန်းသို့ ၀င်ရောက်အဖမ်းခံခဲ့ကြောင်း ရဲစခန်းမှတာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
 
“ ကျွန်တော်တို့က တောင်ယာလုပ်ပြီးပြန်လာတာ၊ လမ်းမှာ KIA အဖွဲ့နဲ့တွေ့ပြီး လူသစ်အဖြစ်အဖမ်းခံ လိုက်ရတာ၊ သူတို့စခန်းကိုရောက်တော့ ယူနီဖောင်းထုတ်ပေးတယ်၊ သေနတ်ပစ်တာလေး ခဏသင်ပေးပြီး သူတို့အဖွဲ့ မှာ တာဝန်ထမ်းဆောင်ခိုင်းတယ်၊ ခိုင်းလိုက်တဲ့အလုပ်ကလည်း ပင်ပန်းလိုက်တာဗျာ၊ အစား အသောက်ကို လည်း ၀အောင်မကျွေးဘူး၊ လစာကိုတစ်ပဲခြောက်ပြားပေးတယ်၊ လက်အောက်ကလူတွေက အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ဒုက္ခရောက်နေရတာ၊ သူတို့ခေါင်းဆောင်ပိုင်းတွေက တိုက်တွေ၊ ကားတွေ နဲ့လေ၊ နိုင်ငံခြားမှာ စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်ကြတယ်၊ ကျွန်တော်တို့ မလုပ်ချင်ဆုံးအလုပ်က ရွာသူ ရွာသားတွေဆီက ဆက်ကြေးကောက်တာ၊ ရွာသားတွေကို လူသစ်အဖြစ် ဇွတ်အတင်းဖမ်းတာ၊ ပြီးတော့ ရွာတွေနားမှာ မိုင်းထောင် တာတွေပဲလေ၊ ရွာသားတွေကို ကျွန်တော်တို့လို ဒုက္ခမရောက်စေချင်ဘူး၊ လူမျိုးကောင်းစားရေးကို ရှေ့တန်း တင်ပြီး သူတို့အဖွဲ့ကောင်းစားဖို့လုပ်နေတာလေ၊ ဒီအဖွဲ့မှာဆက်နေရင် လည်း ကိုယ့်လူမျိုးအချင်းချင်း ဒုက္ခပေး တဲ့အလုပ်တွေပဲ လုပ်နေရာမှာမို့လို့ အခုလိုထွက်ပြေးလာတာပါ’’ ဟု ထွက်ပြေးလွတ်မြောက်လာသူတစ်ဦး က ပြောပြပါသည်။

KIA အဖွဲ့သည် ထွက်ပြေးလွတ်မြောက်လာသည့် တပ်ဖွဲ့ဝင် ၂ ဦးအား ဆင်ဘိုမြို့နယ်နှင့် ဗန်းမော်မြို့နယ် များ အတွင်းရှိ ကျေးရွာများတွင် အဖွဲ့များခွဲ၍ လိုက်လံရှာဖွေလျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိခြင်းမရှိပါက ၎င်းတို့၏ မိသားစုဝင်များအား ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းလည်း KIA မှ ခြိမ်းခြောက်သတင်း လွှင့်နေကြောင်း သိရသည်။ 

ဇော်အောင်

Credit >>> Kachin Daily News

No comments:

Post a Comment