Tuesday, December 1, 2015

ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသော လက်လုပ်မိုင်း အား ရှင်းလင်းဖယ်ရှား

၂၀၁၅ ဒီဇင်ဘာ ၁


နေပြည်တော် ၊ ဒီဇင်ဘာ ၁

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီခန့်တွင် မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာ၊ မြို့ရှောင်လမ်းခွဲမှ မီတာ ၃၀၀ ခန့်အကွာ လမ်းဘေးလမ်းပြအမှတ်အသား ကျောက်တိုင်အနီး ယာဘက်ဘေးနေရာတွင် အမှိုက်ပုံများနှင့် ရော၍ ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသော ၃ လက်မ စိန်ပြောင်းဗုံးသီးဟောင်း ၂ လုံးအတွင်း TNT ယမ်းမှုန့်များ၊ အားမြှင့်ယမ်းထည့်၍ လျှပ်စစ်စနက်တံ ၂ ခုတပ်ဆင်ပြီး ဓါတ်ခဲအိမ်နှင့် ဆက်သွယ်၍ အဝေးထိန်းလျှပ်စစ်အုံ ၁ ခုပါဝင်သည့် ဒေသန္တရ လက်လုပ်မိုင်းဟု ယူဆရသော မိုင်းအား ရွှေကူမြို့နေ အောလေး အသက်(၂၀)နှစ်၊ (ဘ)ဦးစိုးလွင်၊ ဗမာလူမျိုး၊ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူမှ တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ သတင်းပို့သဖြင့် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၈ နာရီတွင် တပ်မတော် နယ်မြေလုံခြုံရေးအဖွဲ့မှ သွားရောက်၍ ရှင်းလင်းခဲ့ရာ နံနက် ၉ နာရီခန့်တွင် မိုင်းအား ရှင်းလင်းဖယ်ရှား၍ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

Credit >>> တပ်မတော်သတင်းစဉ်

No comments:

Post a Comment