၂၀၁၅ ဒီဇင်ဘာ ၂၉
ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး၌ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၏
စွန့်ပစ်မြေစာပုံ ပြိုကျမှု များကြောင့် ရေမဆေးကျောက်ရှာဖွေသူများနှ င့် ကျောက်လုပ်ငန်းရှင်များအနြေ ဖင့်
အသက်ဘေးနှင့် ကြုံတွေ့နေ ချိန်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများပေးဆောင်ရန် အတင်းအကြပ်တောင်းခံလာခြင်းေ ကြာင့်
အခက်အခဲ များနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း ဖားကန့်မြို့ခံ တစ်ဦးမှ ပြောပြပါသည်။
နော်ဂျာ
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး၌
ဒီဇင်ဘာလ၂၇ ရက်နေ့တွင် KIA အဖွဲ့မှ ရေ မဆေးကျောက် ရှာဖွေသူများနှင့် ကျောက်လုပ်ငန်းရှင်များအား
ဆက်ကြေးငွေများ ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။
ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး၌ ရေမဆေးကျောက်တူးဖော်လုပ်ကို င်နေသူများနှင့်
ကျောက်လုပ်ငန်းရှင် များအား KIAအဖွဲ့မှ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် (၁၀) မိုင်ကုန်းစခန်းသို့
ဆင့်ခေါ်ခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ တစ်ဦးလျှင်ဆက်ကြေးငွေ ၅ သောင်း၊ ကျောက်လုပ်ငန်းရှင်တစ်ဦးလျှင်
၂ သိန်း ပေးဆောင်ရန် အတင်းအကြပ်ကောက်ခံသွားကြောင်း ကျောက်လုပ်ငန်းရှင် တစ်ဦးမှ
ပြောပြပါသည်။
“ဒီရွှေမှော်မှာ လုပ်ကိုင်နေတာကြာပြီ၊ အခုလိုစခန်းကိုဆင့်ခေါ်ပြီး ဆက်ကြေးတောင်းတာမရှိဘူး၊ ကျောက် လုပ်ငန်းရှင်တွေအနေနဲ့ KIA အဖွဲ့ တောင်းတဲ့ငွေကများလွန်းတယ်၊
ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာဖွေသူ
အတော်များများသေဆုံးသွားကြတ ယ်၊ တချို့ဆိုရင် ရှာလို့တောင် မတွေ့သေးဘူး၊ အခုလို
ဒုက္ခရောက်နေတဲ့အချိန်မှာ ဒီကောင်တွေက ကူညီကယ်ဆယ် မပေးတဲ့အပြင် ဆက်ကြေးကောက်၊ လူသစ်စုတဲ့အလုပ်တွေပဲ
လုပ်နေတာ၊ ကိုယ်ချင်းလည်း မစာနာကြဘူး၊ တချို့ အလုပ်သမားတွေလည်း နေရပ်ကို ပြန်သွားကြတယ်၊
အလုပ်သမားရှားပါးပြီး လုပ်ငန်းတွေ အဆင်မပြေဖြစ်နေလို့ နောက်လမှ ယူပါလို့ ပြောပြပေမယ့်လည်း
သူတို့တောင်းတဲ့အတိုင်း ပေးရမယ်၊ မပေးရင် ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက် ပြောဆိုပါတယ်’’
ဟု ၎င်းမှ ဆက်လက်ပြောပြပါသည်။
ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး၌ ရေမဆေးကျောက်တူးဖော်လုပ်ကို
“ဒီရွှေမှော်မှာ လုပ်ကိုင်နေတာကြာပြီ၊ အခုလိုစခန်းကိုဆင့်ခေါ်ပြီး ဆက်ကြေးတောင်းတာမရှိဘူး၊ ကျောက် လုပ်ငန်းရှင်တွေအနေနဲ့ KIA အဖွဲ့ တောင်းတဲ့ငွေကများလွန်းတယ်၊
ဖားကန့်မြို့နယ်၊ မမုံကျေးရွာအနီး၌ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏ
Credit >>> Kachin Daily News
No comments:
Post a Comment