၂၀၁၅ ဒီဇင်ဘာ ၁၈
Credit >>> Kachin Daily News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊
ဖောင်းကတော့သစ်တောကြိုးဝိုင်းနှင့်ဖောင်းပြင်သစ်တောကြိုင်းဝိုင်း အတွင်း
သစ်လုပ်ငန်းလုပ်ကိုင်သူ(ဆင် ပိုင်ရှင်)များအား ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် KIA အဖွဲ့မှ
ဆက်ကြေး ငွေများ အတင်းအကြပ်ကောက်ခံ သွားကြောင်း ဆင်ပိုင်ရှင်တစ်ဦးထံမှသိရပါသည်။
မိုးမိတ်မြို့နယ်၊ နားယုတ်ကျေးရွာ၏အနောက်ဘက် ရွှေလီမြစ်ကမ်းဘေးရှိ နှင်းထောက်ကျေးရွာတစ်ဝိုက်သို့ KIA အဖွဲ့တစ်ဖွဲ့မှ လက်နက်များကိုင်ဆောင်ကာ ဒီဇင်ဘာလ
၁၄ ရက်နေ့ ညနေ ၄ နာရီချိန်တွင် ရောက်ရှိ လာပြီး ဖောင်းကတော့သစ်တောကြိုးဝိုင်းနှင့်
ဖောင်းပြင်သစ်တောကြိုးဝိုင်းအတွင်း သစ်လုပ်ငန်းလုပ်ကိုင်သူ (ဆင်ပိုင်ရှင်)များအား
ဆင် ၁ ကောင်လျင် ၁ နှစ်စာဆက်ကြေးငွေ ၁၀ သိန်း ကျပ်နှုန်းဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်
ခချယ်ကျေးရွာသို့ လာရောက်ပေးဆောင်ရန် အတင်းအကြပ်ကောက်ခံခဲ့ကြောင်း သစ်လုပ်ငန်း
လုပ်ကိုင်သူများထံမှ သိရပါသည်။
“ KIA အဖွဲ့က တောင်းတဲ့ ဆက်ကြေးငွေက အရမ်းများတယ်ဗျ၊ ဒီနှစ်ကတိုက်ပွဲတွေလည်း ပြန်ဖြစ်နေတော့ လုပ်ငန်းတွေက အဆင်မပြေဘူး၊ မပေးပြန်ရင်လည်းရန်ရှာအုံးမှာ၊ အလုပ်ဆက်လုပ်မယ်ဆို ရင်တော့
တောင်း တဲ့ငွေ ရှာကြံပေးရမှာပေါ့၊ KIA အဖွဲ့က သူတို့ကိုယ်ကျိုးစီးပွားအတွ က်ပဲ
ကြည့်ကြတာ၊ ဒေသခံ တိုင်းရင်းသားတွေအပေါ် ဘယ်အရာများကြည့်ရှုကြလို့လဲ၊ သူတို့လုပ်တတ်တာဆိုလို့
လူသတ်မယ်၊ ဆက်ကြေးကောက်မယ်၊ သစ်ခိုးထုတ်မယ် ဒါတွေဘဲတတ်တယ်၊ သူတို့ကိုယ်ကျိုးမရသရွေ့
ငြိမ်းချမ်းရေး ရအောင် ဘယ်တော့မှ ကြိုးပမ်းကြမှာမဟုတ်ဘူး” ဟု ဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ
ပြောကြားသွား ခဲ့သည်။
ဆိုင်းနောင်(ဖားကန့်)မိုးမိတ်မြို့နယ်၊ နားယုတ်ကျေးရွာ၏အနောက်ဘက် ရွှေလီမြစ်ကမ်းဘေးရှိ နှင်းထောက်ကျေးရွာတစ်ဝိုက်သ
“ KIA အဖွဲ့က တောင်းတဲ့ ဆက်ကြေးငွေက အရမ်းများတယ်ဗျ၊ ဒီနှစ်ကတိုက်ပွဲတွေလည်း ပြန်ဖြစ်နေတော့ လုပ်ငန်းတွေက အဆင်မပြေဘူး၊ မပေးပြန်ရင်လည်းရန်ရှာအုံးမ
Credit >>> Kachin Daily News
No comments:
Post a Comment