၂၀၁၅ ဒီဇင်ဘာ ၎
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အနီး ကျေးရွာတချို့မှာ လက်နက်ကိုင်တစုက လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။ စစ်သားစုဆောင်းတဲ့သဘော ဖြစ်တယ်လို့ ပြောနေကြပါတယ်။ လားရှိုးမြို့နယ်တွင်းက ကောင်း ခါး၊ လွယ်တောက်နဲ့ အီနိုင်းရွာတို့ဘက် လူငယ်ပိုင်းတွေကို ကချင်စကားပြောတဲ့ လက်နက်ကိုင်တစုက ဖမ်းဆီးခေါ်ဆောင်သွားတာ
ဖြစ်ပါတယ်။
လူ ၅၀ လောက် ခေါ်သွားတယ်လို့ သတင်းထွက်နေပေမယ့် ၁၀ ယောက်ကျော်ကို အတည်ပြု ပြောနိုင် တယ်လို့ လားရှိုးအခြေစိုက်
လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးယောသပ် က ပြောပါတယ်။ အခု စစ်သားစုဆောင်းတာဟာ ကေအိုင်အေ ကချင်ပြည်လွတ်မြောက်ရေး
တပ်မတော်ကပဲ ဖြစ်နိုင်တယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ ကေအိုင်အေဘက်ကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားသူ
မရှိခဲ့ပါဘူး။
Credit >>> Kyaw Swar (Facebook)
No comments:
Post a Comment