Sunday, December 27, 2015

လယ်ယာလုပ်ကိုင်နေသူများအား ပယင်းခိုးတူးသည်ဟု စွပ်စွဲကာ KIA အဖွဲ့မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

၂၀၁၅ ဒီဇင်ဘာ ၂၇


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း လယ်ယာလုပ်ကိုင်နေသူများအား ပယင်းခိုးတူးသည်ဟု အကြောင်းပြ ကာ KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းဒေသခံ များထံမှ သိရသည်။

ဖားကန့်မြို့နယ် ၊ ထန်းပလားလယ်ကွင်းဝန်ကျင်ရှိ လဘူခမှော်နှင့် ပယင်းမှော်သို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ တွင် KIA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး လယ်ယာလုပ်ကိုင်သူ လမုန်ကျေးရွာမှ ရွာသား ၄ ဦးဖြစ်သော ဦးဂျော်လီဆာ ၅၂ နှစ်၊ မောင်ငွါးရှိဖာ ၁၅ နှစ်၊ ဦးငွါးယော်တဲ့ ၄၅ နှစ်နှင့် ဦးနော်ဖာဒီ ၃၃ နှစ်တို့အပါအ၀င် လီဆူး၊ နာဂ၊ ရခိုင်လူမျိုး ၄၀ ဦးအား ပယင်းကျောက်ခိုးတူးသည်ဟု စွပ်စွဲ၍ ထရီဘွမ်သို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းသို့ ခေါ်ဆောင်သွားသူများထဲမှ အသက်ကြီးရင့်သူများအား စခန်းပြုပြင်ခိုင်းပြီး အသက်ငယ်သူများအား လူသစ်အဖြစ် အတင်းအကြပ် သင်တန်းတက်ခိုင်းကြောင်း လမုန်ရွာသားတစ်ဦးမှ ပြောပါသည်။

“ ဟိုတလောတုန်းကလည်း KIA အဖွဲ့တစ်ဖွဲ့မှ တနိုင်းမြို့နယ် ၀ါရာဇွပ်ကျေးရွာနဲ့ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ရှိတဲ့ လယ်တဲတွေမှာ တောင်ယာလုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတောင်သူလယ်သမား ၂၀ ကျော်ကိုလည်း တပ်သားသစ်အဖြစ် အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့သေးတယ်၊ အခုလည်းကြည့်လေ ရိုးသားစွာ တောင်ယာ လုပ်သူတွေကို ပယင်းခိုးတူတယ်ဆိုပြီး ဖမ်းဆီးတယ်၊ ပြီးတောစခန်းပြုပြင်ခိုင်း၊ လူသစ်သင်တန်း အတင်းတက်ခိုင်းလုပ်နေတာဆိုတော လွန်လွန်းအားကြီးတယ်၊ ဒီကောင်တွေ လက်နက်အားကိုးနဲ့ မတရား အနိုင်ကျင့်နေတာ ” ဟု ဖမ်းဆီးခံခဲ့ရသည် မိသားစုဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။ 

ကချင်ပြည်နယ်ရှိ ကျေးရွာများတွင် KIA တပ်ဖွဲ့၏ လူသစ်အဖြစ် အဓမ္မဖမ်းဆီးခြင်းများကြောင့် ဒေသခံများ မှာလည်း ၎င်းတို့နေထိုင်သော ကျေးရွာများမှ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရပါသည်။
ကောင်းစံ(ဖားကန့်)

Credit >>> Kachin Daily News

No comments:

Post a Comment