၂၀၁၅ ဒီဇင်ဘာ ၂၃
Credit >>> Shan News
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မြို့သစ်ကျေးရွာ၊
ကောင်းကလောကျေးရွာ၊ တုံးကြီးကျေးရွာ၊ လွယ်ယားကျေးရွာနှင့်
ကျောက်ဖြူကျေးရွာများသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် TNLA နှင့် KIA ပူးပေါင်း
အဖွဲ့ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ ကောက်ခံသွားကြောင်း
ယင်းဒေသခံရွာသား များထံမှ သိရ ပါသည်။
“TNLA နဲ့ KIA
ပူးပေါင်းအဖွဲ့တွေဟာ ကျွန်တော်တို့ရွာကို ဒီထဲမှာ နှစ်ရက်လောက်ပဲခြားပြီး
လူသစ် စုဆောင်း ခြင်းနဲ့ ဆက်ကြေးငွေကောက်ခံမှုတွေ ပိုမိုလုပ်ဆောင်လာတယ်၊
ကျွန်တော်တို့ ရွာက ဒီဇင်ဘာလ ၁၅ ရက်နေ့ ကလည်း အမျိုးသမီးငယ် ၁၀ ဦး
လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံခဲ့ရပါတယ်။ အခုလည်း
ကျွန်တော်တို့ရွာက လူသစ် ၁၅ ဦး မဖြစ်မနေပေးဆောင်ရမယ်ဆိုပြီး
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ပါ လူသစ်အဖြစ်ဖမ်းဆီးနေတယ်၊
အတော်လေးလွန်နေပြီ၊ အခုဟာက TNLA အဖွဲ့တွေအမည်ခံပြီး KIA အဖွဲ့ တွေက
ပိုများနေတယ်၊ ဖမ်းဆီးရမိတဲ့လူသစ်တွေကို KIA ဌာနချုပ်ကို ပို့နေတယ်၊
ပြည်နယ်အတွင်းမှာ ရှိနေတဲ့ ဘယ်အဖွဲ့အစည်းကမှ
အရေးယူဆောင်ရွက်ပေးတာမျိုးမရှိဘူး” ဟု မြို့သစ်ရွာသားတစ်ဦး မှ ပြောပါသည်။
“ကျွန်တော်တို့ရွာက လူသစ် ၁၀ ဦး ဖမ်းသွားတယ်၊ ဒီအထဲမှာ အမျိုးသမီး ၃
ဦးပါတယ်၊ TNLA အဖွဲ့ဝင်မပါဘူး KIA တပ်ဖွဲ့ဝင်တံဆိပ်ပါတဲ့
ယူနီဖောင်းတွေနဲ့၊ ရွာကနေ ၀က် ၃ ကောင်နဲ့ ဆန် ၅ အိတ်ပေးရတယ်၊ ဆက်ကြေး
ငွေတော့ မပေးရဘူး၊ ကျွန်တော်တို့ရွာက ပလောင်ရွာပါ၊ သူတို့နဲ့က
လူမျိုးချင်းမတူတော့ သူတို့ပြောစကား လည်း နားမလည်ဘူး၊ သူတို့ပြောစကားကို
ဘာသာပြန်ပေးတဲ့ TNLA အဖွဲ့ဝင် ၅ ယောက်လောက်တော့ပါ တယ်” ဟု
ကောင်းကလောရွာသားတစ်ဦးမှ ပြောပါသည်။
“TNLA အဖွဲ့ဟာ KIA
နဲ့ပေါင်းပြီး၊ ရှမ်းမြောက်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေနဲ့
ပလောင်လူမျိုးတွေကို အဓိက ပစ်မှတ်ထား လူသစ်စုပြီး KIA ဌာနချုပ်မှာ
သင်တန်းပေးတယ်၊ အင်အားတောင့်လာတော့ အစိုးရတပ်ကို ရန်စ တယ်၊ RCSS/SSA
ကိုလည်းရန်စတယ်၊ RCSS/SSA က တိုက်ပွဲတွေမဖြစ်ချင်လို့ တစ်နိုင်ငံလုံး
အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတာ ဖြစ်တယ်လို့
RCSS/SSA အတွင်းရေးမှူး စိုင်းလှ ကိုယ်တိုင် ပြောပြီးဖြစ်တယ်၊ ဒါကို KIA
နဲ့ပေါင်းပြီး TNLA အဖွဲ့ဟာ ပြည်နယ်အတွင်းမှာ မတည် မငြိမ်ဖြစ်အောင် ဖန်တီးနေတာဖြစ်ပါတယ် ” ဟုကျောက်မဲမြို့ခံတစ်ဦးမှ ပြောကြားသွားပါသည်။
အိုက်ကျော်Credit >>> Shan News
No comments:
Post a Comment