Friday, December 11, 2015

ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီတော် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် အထွတ်တင်လှူ ပူဇော်ပွဲကျင်းပ

၂၀၁၅ ဒီဇင်ဘာ ၁၁


နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် တည်ထားကိုးကွယ်တော်မူသော ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်၏ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် အထွတ်တင်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်း တွင် ကျင်းပပြုလုပ်ရာ လားရှိုးမြို့ မဟာဗောဓာရုံကျောင်းတိုက် နာယကဆရာတော် နိုင်ငံတော်သြ၀ါဒါစရိယ ဘဒ္ဒန္တနာရဒ အမှူးပြုသော သံဃာတော်များ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖုန်းမြတ်၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ၀တ်အသင်းများနှင့် ဒေသခံပြည် သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လားရှိုးမြို့ မဟာဗောဓာရုံကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြ သည်။ ထို့နောက် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် သာသနာ့အောင်လံတို့ကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စေတီတော်အထွတ်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကာ စေတီတော်အား မင်္ဂလာရထားပျံဖြင့် အဆင့်ဆင့် ပင့်ဆောင်၍ စေတီတော်ထက်သို့ တင်လှူပူဇော်ကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။

Credit >>> တပ်မတော်သတင်းစဉ်

No comments:

Post a Comment