၂၀၁၅ ဒီဇင်ဘာ ၁၀
နော်ဂျာ
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ
ရွှေမှော်များသို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် KIA အဖွဲ့တစ် ဖွဲ့ ရောက်ရှိ လာပြီး ရွှေမှော်လုပ်ငန်းလုပ်ကိုင်ေ နကြသော
လူငယ်များအား မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည်ဟု အကြောင်းပြကာ လူသစ်အဖြစ်အတင်းအကြပ်
ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
တနိုင်းမြို့နယ်၊ ဇီးဖြူကုန်းမှော်နှင့် ညောင်ပင်ကုန်းမှော်များတွင်
ရွှေ၊ ပယင်း လာရောက်တူးဖော်လုပ်ကို င်နေ သည့် ကချင်၊ လီဆူး၊ ဗမာ၊ ရခိုင် စသည့် တိုင်းရင်းသားလူငယ်များအား
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ သည်ဟု အကြောင်းပြကာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် KIA အဖွဲ့မှ
ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွှေမှော်လုပ်ငန်းရှင်တစ်ဦးမှ ပြောပြပါသည်။
“ ဒီနားက မှော်တွေမှာ လာရောက်တူးဖော်လုပ်ကိုင်နေတဲ့သူတွေ
အများကြီးရှိပါတယ်၊ ရိုးရိုးသားသားနဲ့ လုပ်ကိုင် စားသောက်နေကြတာပါ၊ နေရာဒေသပေါင်းစုံကနေပြီး
လာရောက်ကြတာပါ၊ ကချင်၊ လီဆူး၊ ဗမာ၊ ရခိုင်တွေ အများဆုံးပါတယ်၊ အဲဒီလူငယ်တွေကို
KIA အဖွဲ့က မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ စွပ်စွဲပြီး လူသစ်အဖြစ် အတင်းဖမ်းဆီးသွားတယ်၊
သူတို့စခန်းမှာ သန့်ရှင်းရေး လုပ်ခိုင်းတယ်၊ ဆက်သွယ်ရေးမြောင်းတွေ တူးခိုင်းတယ်၊ ထင်းခုတ်၊
ဝါးခုတ်တာတွေလုပ်ခိုင်းတယ်၊ ပြီးရင်လည်း လူသစ်အဖြစ် သင်တန်းတက်ခိုင်းမယ်လို့ သိရပါတယ်’’
ဟု ၎င်းက ဆက်လက်ပြောပြသည်။
KIA အဖွဲ့သည် တနိုင်းမြို့နယ်ရှိ ရွှေမှော်များအတွင်း လာရောက်လုပ်ကိုင်နေသူများအား
မူးယစ်ဆေးဝါးရောင်း ၀ယ် သုံးစွဲသည်ဟု စွပ်စွဲပြောဆိုကာ မကြာခဏ ဆက်ကြေးကောက်ခံခြင်း၊
လူသစ်အဖြစ် အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခြင်းတို့ြေ ကာင့် ရွှေမှော်များ၌ လုပ်ကိုင်နေကြသော
လုပ်သားများ၏လုံခြုံရေးအတွက် စိုးရိမ် ဖွယ်ရာ ဖြစ်လာပြီး အချို့အလုပ်သမားများမှာ
နေရပ်ဒေသ အသီးသီးသို့ ပြန်သွားကြပြီဖြစ်ကြောင်း တနိုင်းမြို့ခံ တစ်ဦးမှ ပြောကြားခဲ့ပါသည်။
တနိုင်းမြို့နယ်၊ ဇီးဖြူကုန်းမှော်နှင့် ညောင်ပင်ကုန်းမှော်များတွင်
“ ဒီနားက မှော်တွေမှာ လာရောက်တူးဖော်လုပ်ကိုင်နေတ
KIA အဖွဲ့သည် တနိုင်းမြို့နယ်ရှိ ရွှေမှော်များအတွင်း လာရောက်လုပ်ကိုင်နေသူများအာ
နော်ဂျာ
Credit >>> Kachin Daily News
No comments:
Post a Comment