၂ ၀၁၅ နိုဝင်ဘာ ၂၉
မောင်းထွမ်းအွန်
Credit >>> Myanmar Military News
ချင်းပြည်နယ်၊
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ နယ်ခြားမှတ်တိုင် ၇၀ အနီးတွင် နိုဝင်ဘာလ ၂၈
ရက်နေ့ ၌ ဒေသခံရွာသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားသည်ဟု ဒေသခံများထံမှသိရပါသည်။
“ရွာသားတွေကတော့
ဒီအနီးအနားတစ်ဝိုက်မှာရှိတဲ့  တောတောင်တွေထဲမှာပဲ အိမ်အတွက်လိုအပ်တဲ့ ၀ါးတွေ
ဘာတွေ သွားခုတ်နေကြတာပါ၊ အခုလည်း အိမ်အတွက် ခြံစည်းရိုးခတ်ဖို့
သွားခုတ်ရင်းဖြစ်တာ”ဟု မိသားစုဝင် တစ်ဦးကပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊
လားဝကျေးရွာတွင် နေထိုင်သော ဦးရန်သန့် (၅၂)နှစ်သည် နယ်စပ်မျဉ်း တစ်လျှောက် ၀ါးခုတ်ရန်သွားရောက်စဉ်
နယ်ခြားမှတ်တိုင် ၇၀ အနီးတွင် AA သောင်းကျန်းသူအဖွဲ့(သို့) ALP အဖွဲ့ထောင်ထားသော
မိုင်းနင်းမိ၍ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရပါသည်။
“မိုင်းထောင်ထားတာတော့
သောင်းကျန်းသူတွေပဲဖြစ်မယ်၊ ဒီမှာက AA ရော၊ ALP ရော လှုပ်ရှားနေကြတာ၊ တပ်မတော်စစ်ကြောင်းတွေက
ဒီဘက်မှာ လှုပ်ရှားနေတော့ သူတို့က ဟိုဘက်ကနေပြီး လာထောင်သွား တာ ဖြစ်မယ်၊
ထောင်တာတော့ အစိုးရစစ်ကြောင်းတွေကိုထောင်တာဖြစ်မယ်၊ ရွာသားတွေက ထင်းခုတ်
သွားတော့ ထိမိတာဖြစ်နိုင်တယ်”ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
အဆိုပါ
နယ်စပ်မှတ်တိုင် အနီးတစ်ဝိုက်တွင် AA နှင့် ALP သောင်းကျန်းသူအဖွဲ့များ
လှုပ်ရှားလျက်ရှိပြီး တပ်မတော်စစ်ကြောင်းများ ရောက်လာသည့်အတွက်
တစ်ဖက်နိုင်ငံအတွင်းသို့ ၀င်ရောက် သွားကြောင်း ဒေသခံရွာသားတစ်ဦးမှ ပြောသည်။
AA
နှင့် ALP သောင်းကျန်းသူအဖွဲ့များအနြေ ဖင့် ယခုကဲ့သို့
ကျေးရွာများအနီးတစ်ဝိုက်တွင် မိုင်းများထောင် ထားမှုကြောင့် ဒေသခံတွေမှာ
စားဝတ်နေရေးကို အသက်နဲ့ရင်းပြီး ရှာနေရကြောင်းနှင့် ရွာသားများမှာ လည်း
တောင်ယာခုတ်ရန်အတွက်ပင် စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း ဒေသခံကျေးရွာရှိ
တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသွားပါသည်။
မောင်းထွမ်းအွန်
Credit >>> Myanmar Military News
No comments:
Post a Comment