Wednesday, November 4, 2015

လောက်ကိုင်မြို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

၂၀၁၅ နိုဝင်ဘာ ၎


နေပြည်တော်၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့တွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် လောက်ကိုင်မြို့ အမှတ်(၂)ရပ်ကွက်၊ ဖူကျန်းလမ်း၌ မူးယစ်ဆေးဝါး သုံးစွဲထားသည့် စစ်ရှောက်ဆေး ၄၃ နှစ် (ဘ) ဦးစစ်ရှန်း၊ ကုန်းကြမ်းမြို့နယ်၊ ကျုံးယီထန်ရွာနေသူနှင့် ရန်ရှောက်ကွမ် ၃၇ နှစ် (ဘ) ဦးရန်ချိမ်းချင်၊ လောက်ကိုင်မြို့၊ နန်လော်ရွာနေသူ နှစ်ဦးကို စစ်ဆေးစဉ် စစ်ရှောက်ဆေးထံမှ ဘိန်းဖြူ သုည ဒသမ ၂ ဂရမ်အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသော တရားခံများ၏ ထွက်ဆိုချက်အရ လောက်ကိုင်မြို့ အိမ်အမှတ် (၂/၉၇၀)၊ အမှတ်(၂) ရပ်ကွက်အား ၀င်ရောက်ရှာဖွေရာ ရန်ရှောက်ချန်း ၃၁ နှစ်(ဘ)ဦးရန်အဲနှင့် ရန်ရှောက်စန်း ၄၉ နှစ် (ဘ)ဦးလော် ထယ်၊ မန်တုံပါးကျေးရွာအုပ်စု၊ တောက်ရွှေရွာနေသူနှစ်ဦးအား ICE ၄၀ ဂရမ်၊ ကာလ တန်ဖိုး ၈၀၀၀၀၀ ကျပ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၀၀၀ ပြား၊ ကာလ တန်ဖိုး ၅၂၆၅၀၀၀၀ ကျပ်နှင့် WY ဆေးပြား ရိုက်စက် တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိတရားခံများအား မြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit >>> တပ်မတော်သတင်းစဉ်

No comments:

Post a Comment