၂၀၁၅ နိုဝင်ဘာ ၃
Credit >>> Kachin Daily News
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်၊
ဆင်ဘိုမြို့တွင်
နေထိုင်သော ဒေသခံနှစ်ဦးအား KIA တပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရ သည်။
ဆင်ဘိုမြို့၏အနောက်တောင်ဘက် နားလုံးကွင်းရွာသို့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးသုံးစွဲသည် ဟူသော ကျော်စောသတင်းကြောင့် ဦးနော်ဆိုင်း ၃၂ နှစ် နှင့် ဦးဇော်ထူး ၃၂ နှစ် ဆင်ဘိုမြို့နေသူ အရပ်သားနှစ်ဦးအား အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးထံမှသိရသည်။
“ ဖားကန့်ဒေသမှာ ဟိုတလောကပဲ ကျောက်နဲ့ရွှေတူးဖော်ရေးလုပ် ငန်းတွေမှာ လုပ်ကိုင်နေတဲ့ မှော်လုပ် သားတွေနဲ့ ကျဘမ်းလုပ်ကိုင်တဲ့သူ ၂၀ ဦးကိုလည်း မူးယစ်ဆေးဝါးအကြောင်းပြပြီး
KIA အဖွဲ့က အဓမ္မ စုဆောင်းသွားတယ်၊ ပြီးရင် စစ်သင်တန်း အတင်းအကြပ်တက်ခိုင်း တော့တာပဲ၊ အလုပ်လုပ်ချင်တဲ့သူကို မရှိ တော့ဘူး ” ဟု အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောပြပါသည်။
KIA တပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ် ဖမ်းဆီးခြင်းများကို ကျေးရွာများတွင် သာမကဘဲ မြို့ပေါ်အထိ ဖမ်းဆီးခြင်းများ အတင့်ရဲစွာ လုပ်ကိုင်လာခြင်းများကြောင့် ဒေသခံ တိုင်းရင်းသား တို့၏ ငြိမ်းချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး ရည်မှန်းချက်မှာလည်း တဖြည်းဖြည်းဝေးကွာ လာနေကြောင်း ဆင်ဘိုမြို့နေ ရှေ့နေတစ်ဦးမှ ပြောပြပါသည်။
ဆိုင်နော်(ဖားကန့်)
ဆင်ဘိုမြို့၏အနောက်တောင်ဘက်
“ ဖားကန့်ဒေသမှာ ဟိုတလောကပဲ ကျောက်နဲ့ရွှေတူးဖော်ရေးလုပ်
KIA တပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ် ဖမ်းဆီးခြင်းများကို ကျေးရွာများတွင် သာမကဘဲ မြို့ပေါ်အထိ ဖမ်းဆီးခြင်းများ အတင့်ရဲစွာ လုပ်ကိုင်လာခြင်းများကြောင့
ဆိုင်နော်(ဖားကန့်)
Credit >>> Kachin Daily News
No comments:
Post a Comment