၂၀၁၅ နိုဝင်ဘာ ၂၅
Credit >>> Kachin Daily News
ကချင်ပြည်နယ်တွင် ငြိမ်းချမ်းစွာနေထိုင်ကြသော
ရှမ်းလူမျိုးများအား KIA အဖွဲ့မှ လက်နက်အားကိုးဖြင့် အနိုင်ကျင့် နှိပ်စက်နေကြောင်း
ယင်းဒေသခံများထံမှ သိရှိရသည်။
“ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေကို KIA အဖွဲ့က လက်နက်အားကိုးနဲ့ လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းတယ်၊ ဒေသခံရှမ်းအမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဒီကောင်တွေရဲ့ လူသစ် စုတာကိုခံရပြီးတော့ သူတို့တပ်ဖွဲ့ဝင်တွေအဖြစ် အတင်းလုပ်ခိုင်းတယ်၊ တချို့အမျိုးသမီးတွေဆိုရင် အလိုမတူဘဲ သူတို့တပ်ဖွဲ့ဝင်တွေနဲ့ အတင်းအကြပ်အိမ်ထောင်ချပေးတာ ကို
ခံရတယ်၊ ကလေး တစ်ယောက်ရမှ မိဘဆီကို ပြန်ပြေးလာရတဲ့ အဖြစ်ဆိုးတွေလည်း ကြုံတွေ့ရတယ်၊
တော်တော် ရက်စက်ယုတ်မာတယ်ဗျာ’’ ဟု ရှမ်းအမျိုးသား တစ်ဦးက ပြောပြသည်။
“ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေကို KIA အဖွဲ့က လက်နက်အားကိုးနဲ့ လူသစ်စု၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်းတယ်၊ ဒေသခံရှမ်းအမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဒီကောင်တွေရဲ့ လူသစ် စုတာကိုခံရပြီးတော့ သူတို့တပ်ဖွဲ့ဝင်တွေအဖြစ် အတင်းလုပ်ခိုင်းတယ်၊ တချို့အမျိုးသမီးတွေဆိုရင် အလိုမတူဘဲ သူတို့တပ်ဖွဲ့ဝင်တွေနဲ့ အတင်းအကြပ်အိမ်ထောင်ချပေးတာ
KIA အဖွဲ့သည် ဒေသခံရှမ်းလူမျိုးများအား လူသစ်အဖြစ်စုဆောင်း၍
တိုက်ပွဲများတွင် လူသားတံတိုင်းအဖြစ် အသုံးပြုခဲ့ပြီး ရှမ်းမျိုးနွယ်စုများအပေါ် နှစ်ရှည်လများ
အမျိုးမျိုးအနိုင်ကျင့်နှိပ်စက်မှုများသည် လျော့ပါးမသွားဘဲ တဖြည်းဖြည်းပိုမိုဆိုးဝါးလာ သည့်အပြင်
လက်နက်အားကိုးဖြင့် တိုင်းရင်းသားအချင်းချင်းအေ ပါ် လုပ်ကြံ သတ်ဖြတ်နေကြောင်းလည်း
သိရသည်။
“နမ့်မှော်ကျေးရွာက ဦးစိုင်းထွန်းလွင်ကို သူ့ရဲ့နေအိမ်မှာသွားပြီး
သေနတ်နဲ့ပစ်သတ်တယ်၊ ပြီးတော့ ဟွေခါ ရွာက စိုင်းကံဆက်ကိုလည်း ဘုန်းကြီးကျောင်းကအပြန်လမ်း မှာ
ပစ်သတ်သွားတာ၊ KIA အဖွဲ့က လူသစ်စု လိုက်၊ ဆက်ကြေးကောက်လိုက် လုပ်နေတာ၊ ရွာသားတွေစီးပွားရေးအဆင်မြေ ပဘူး၊
နောက်မှယူပါ ပြော လိုက်လို့ သတ်တာလို့သိရပါတယ်၊ ရက်ရက်စက်စက်ကို သတ်သွားတာပါ၊ ကျန်တဲ့မိသားစုတွေက
ဒုက္ခ ရောက်တာပေါ့၊ ဒီကောင်တွေကို ဒီတစ်သက်မကျေဘူးဗျာ ” ဟု ဟွေခါရွာသား တစ်ဦးက ပြောပြ သည်။
KIA အဖွဲ့၏ ဒေသခံရှမ်းတိုင်းရင်သားမျိုးနွယ်စုများအပေါ်
လက်နက်အားကိုးဖြင့် လူသစ်အဖြစ် အတင်းအကြပ် လိုက်လံစုဆောင်းခြင်း၊ ၊ ဆက်ကြေးငွေများကောက်ခံခြင်း ၊
ရိက္ခာများတောင်းခံခြင်း၊ ညှင်းပန်း နှိပ်စက်ခြင်းနှင့် ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကြောင့်
KIA အဖွဲ့အား ရှမ်းမျိုးနွယ်စုများ အနေဖြင့် ကျေနပ်မှု မရှိကြောင်း သိရသည်။
နော်ဂျာCredit >>> Kachin Daily News
No comments:
Post a Comment