Monday, November 2, 2015

လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့  ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအထူးရဲသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ။

၂၀၁၅ နိုဝင်ဘာ ၂

လားရှိုး၊ နိုဝင်ဘာ (၁) ရက်နေ့ ထုတ် ရတနာပုံသတင်းစာမှ ကူးယူဖော်ပြသည်။


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တွင် အောက်တိုဘာလ (၃၁) ရက်၊ မွန်းတိမ်း (၃) နာရီအချိန်က လားရှိုးမြို့နယ် ရဲတပ်ဖွဲ့၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအထူးရဲသင်တန်းဆင်းပွဲ အခမ်းအနားကို လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရဲမှူးချုပ်မောင်မောင်ခိုင်၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှူး ယာယီ ဒုတိယ ရဲမှူးကြီး သန့် ဇင်၊ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် လုံခြုံရေးအထူးရဲ သင်တန်းသား (၁၂၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ မှူးက ကျောင်းဆင်းမိန့် ခွန်းပြောကြားသည်။ ထို့ နောက် ရဲမှူးချုပ် က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူ ခဲ့ပြီး ရဲမှူးချုပ်က ဆုရရှိသူ အထူးရဲ များအား ဆုများဆက်လက်ချီးမြှင့်ပေးသည်။

ထို့ နောက် လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့  ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအထူးရဲသင်တန်းဆင်းပွဲ အခမ်း အနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး လုံခြုံရေးအထူးရဲသင်တန်းသားများကို သင်တန်းမှူးက စစ်ရေးပြပုံစံဖြင့် တန်းဖြုတ်ပေးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မူလက မဲရုံပေါင်း ၁၃၄၇ ရုံ သတ်မှတ်ထားရှိခဲ့ရာမှ ယခုအခါ မဲရုံပေါင်း ၁၃၅၁ ရုံ ရှိပြီဖြစ်ကြောင်း၊ လားရှိုးခရိုင်တွင် မဲရုံပေါင်း ၃၇၂ ရုံဖြစ်ပြီး လားရှိုးမြို့ တွင် မဲရုံ ၁၂၉ ရုံသတ်မှတ်ထားရှိကြောင်း လားရှိုးခရိုင်ရဲတပ်ဖွဲ့ မှူးက အတည်ပြု ပြောကြားသည်။

အထူးရဲသင်တန်းကို လားရှိုးမြို့ မရဲစခန်းတွင် အောက်တိုဘာလ (၂၀) ရက်မှ (၃၁) ရက်အထိ သင်ကြားပို့ ချပေးခဲ့ရာ သင်တန်းသားများကို ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ် ဖွယ်ရာ များ၊ ပြစ်မှု-ကျင့်ထုံး၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေ၊ ရဲကျင့်ဝတ်၊ ရဲအက်ဥပဒေ၊ ရဲလက်စွဲ၊ လူ့ အခွင့်အရေးဆိုင်ရာဥပဒေ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်း၊ သတင်းမီဒီယာကျင့်ဝတ်၊ ပြစ်မှု ဆိုင်ရာဥပဒေတို့ ကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

Credit >>> Lashio News Diary

No comments:

Post a Comment