၂၀၁၅ နိုဝင်ဘာ ၁
“ ကျွန်မတို့ရွာကို သူတို့အဖွဲ့တွေ မနက် ၉ နာရီလောက်မှာ ရောက်လာတယ်၊ ရွာကအုပ်ချုပ်ရေးမှူးခေါ်ပြီး လူသစ် ၁၀ ယောက်တောင်းတယ်၊ တိုက်ပွဲတွေက ဖြစ်နေတော့
ရွာမှာရှိတဲ့ လူငယ်၊လူရွယ်တွေက မနေရဲကြ တော့ဘူး၊ အခုရွာမှာရှိ နေတဲ့အသက်အရွယ်ကြီးတဲ့သူတွေ နဲ့
ကလေးတွေကို အတင်းအကြပ် ဖမ်းဆီးခေါ် ဆောင်သွားကြတယ်၊ ကျွန်မတို့ရွာတွေ မှာ တိုက်ပွဲတွေကြောင့်
တောင်ယာစပါးတွေလည်း အတော်လေး ဆိုးဆိုးရွားရွာ ပျက်စီးကုန်ပြီ ” ဟု ဟိုဖိုင်ရွာသူတစ်ဦးမှ
ပြောပြပါသည်။
“ ကျွန်တော်တို့ ရှမ်းတောင်မှာနေတဲ့ ဒေသခံတိုင်းရင်းသားတွေကတော့
ရှမ်ပြည်နယ် ကောင်းစားရေး အကြောင်းပြ ပြီး ရှမ်းလူမျိုးတွေကို ကိုယ်စားပြုပါတယ်ဆိုတဲ့
SSPP/SSA အဖွဲ့ကြီးရှိနေသရွေ့ ဘယ်တော့မှ လူမွေးလူတောင် ပြောင်မှာမဟုတ်ပါဘူး။ အခုလည်း
ကျွန်တော်တို့ရွာကို ဆန် ၁၀ တင်းနဲ့ ၀က် ၃ ကောင်ပေးရ မယ်ဆိုပြီး ရှမ်းပြည်နယ်ကြီး တိုးတက်ရေးနဲ့
ရှမ်းပြည်နယ်ကြီးကို ကိုယ်စားပြုပါတဲ့ဆိုတဲ့ SSPP/SSA အဖွဲ့ကြီးက တောင်းနေတယ် ဒီအဖွဲ့ကြီး
ရှမ်းပြည်နယ်မှ မရှိသင့်တော့ဘူး အမြန်ဆုံး ဒီအဖွဲ့ကြီး မရှိအောင် ဖြေရှင်းပေးစေ ချင်ပါတယ်”
ဟု နားဟိုင်းကျေးရွာသား တစ်ဦးမှလည်း ပြောကြားသွားပါသည်။
SSPP/ SSA အဖွဲ့ဟာ ကိုယ့်ပြည်နယ်ကိုယ်ဖျက်နေတဲ့အဖွဲ့ အစည်းပါ၊
ပါးစပ်က ရှမ်းပြည်နယ်တိုးတက်ရေး၊ ရှမ်းလူထု ကောင်းစားရေး ပြောနေပေမယ့် ယခုလက်ရှိအခြေအနေမှာ
ရှမ်းပြည်နယ် ကြီးမငြိမ်းချမ်းဘူး ဖြစ်နေ တယ်၊ အေးချမ်းစွာ တောင်ယာလုပ်စားလို့ မရတော့ဘူး၊
အေးချမ်းစွာပညာသင်ကြားလို့လ ည်း မရတော့ဘူး တိုက်ပွဲတွေကြားမှာ အသက်လုပြီး လုပ်ကိုင်စားသောက်
ပညာသင်ကြားနေကြရတယ်၊ ဒီလိုအခြေအနေ မျိုးတွေဖြစ်အောင်ဖန်တီးနေတာက SSPP/SSAအဖွဲ့
သာဖြစ်တယ်၊ ဒီအဖွဲ့ရှမ်းပြည်နယ်မှာ မရှိသင့်ဘူးလို့ ထင်မိပါကြောင်း မိုင်းရှူးမြို့ခံတစ်ဦးမှ
ပြောပါသည်။
စိုင်းသီဟ
Credit >>> Shan News
“ ကျွန်မတို့ရွာကို သူတို့အဖွဲ့တွေ မနက် ၉ နာရီလောက်မှာ ရောက်လာတယ်၊ ရွာကအုပ်ချုပ်ရေးမှူးခေါ်ပြီ
“ ကျွန်တော်တို့ ရှမ်းတောင်မှာနေတဲ့ ဒေသခံတိုင်းရင်းသားတွေကတော့
SSPP/
Credit >>> Shan News
No comments:
Post a Comment