၂၀၁၅ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၈ နာရီ
ခွဲခန့်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ (၁) လမ်းနေ ဒေါ်ဘောက် (၃၉) နှစ်နှင့် ခင်ပွန်းဖြစ်သူ
ဦးမင်းထွန်း (၃၉) နှစ်တို့သည် မိုးညှင်းမြို့၏ အရှေ့ဘက် (၃) မိုင်ခန့်အကွာ နန့်ဆန်းချောင်းအထက်တွင်
ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် ဒေါ်ဘောက်မှာ KIA ထောင်ထားသော
နင်းမိုင်း (၁) လုံး နင်းမိပေါက်ကွဲ ခဲ့ကြောင်း သိရှိရသည်။
မိုင်းနင်းမိခဲ့သော ဒေါ်ဘောက်၏ ပေါင်နှင့် ခြေသလုံးတို့တွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး မိုးညှင်း ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရှိရသည်။ မကြာသေး မီကလည်း မိုးညှင်းမြို့နယ်မှ ဒေသခံတစ်ဦး KIA မိုင်းနင်းမိပေါက်ကွဲကာ ဒဏ်ရာရရှိပြီး ၎င်းဆေးရုံ တွင် ဆေးကုသမှု ခံယူလျှက်ရှိသည်။
Credit >>> Voice Of Kachin
No comments:
Post a Comment