Friday, November 13, 2015

မြို့နယ်အတွင်းရှိ စက်သုံးဆီတင် ယာဉ်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးငွေများ ကောက်ခံ

၂၀၁၅ နိုဝင်ဘာ ၁၃



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေလုံကျေးရွာအနီးရှိ မိုးညှင်းမှဖားကန့်သို့ စက်သုံးဆီများ တင်ဆောင် မောင်းနှင်လာသည့်  မော်တော်ယာဉ်များအား နိုဝင်ဘာလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံခဲ့ကြောင်း ဒေသခံယာဉ်မောင်းအချို့ထံမှ သိရသည်။

မိုးညှင်း မိုးကောင်း၊ ()မိုင်၊ ကာမိုင်း၊ နန့်တိန်၊ နန့်ယားလမ်းအတိုင်း ဖားကန့်ဘက်သို့ မောင်းနှင်လာသည့် စက်သုံးဆီတင်ယာဉ် ဘီးယာဉ် စီးလျှင် တစ်နှစ်စာ သိန်းနှင့် ၁၂ ဘီးယာဉ် စီးလျှင် တစ်နှစ်စာ သိန်းကျပ်တို့အား ဆက်ကြေးအဖြစ် ကောက်ခံလျက်ရှိကြောင်း ၎င်းယာဉ်များသည် ပွင့်လင်း ရာသီတွင် မိုးညှင်း-ဟိုပင်-မိုင်းနောင်-တာမခံလမ်းကြောင်းအတိုင်း သွားလာလျက်ရှိပြီး ပထမအကြိမ် ဆက်ကြေးငွေ အဖြစ် ၁၅၀၀၀၀ ကျပ်ပေးဆောင်ရပြီး၊ နှစ်ကြိမ်ခွဲပေးဆောင်ရကြောင်း ဒေသခံယာဉ်မောင်း တစ်ဦး၏ ပြောကြားချက် အရ သိရပါသည်။

ကျွန်တော်ကတော့ တစ်သိန်းခွဲ ပေးလိုက်ရတယ်၊ ကျွန်တော်လဲပေးပြီးကြောက်လို့ မြန်မြန်ထွက်လာခဲ့တာ၊ အရင်တစ်ခါတုန်းကလဲ မပေးရင် သေနတ်နဲ့ပစ်တာဆိုတော့ မပေးပဲ မနေရဲဘူး၊ တော်ကြာအပစ်ခံနေရအုံး မယ်၊ ဒီလိုမျိုးတောင်းနေတာတွေကတော့ မင်းမဲ့စရိုက် ဆန်လွန်းတယ်၊ ဒီလိုသာအမြဲလုပ်နေရင် ခရီးသွားတွေ နဲ့ယာဉ်မောင်းတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်၊ တာဝန်ရှိအဖွဲ့အစည်းတွေ ကာကွယ်ပေး ဖို့ တော့လိုတယ်ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

“ KIA အဖွဲ့က သူတို့ကိုယ်ကျိုးစီးပွားအတွက်ပဲ ကြည့်ကြတာ၊ ဒေသခံတိုင်းရင်းသားတွေအပေါ် ဘာလုပ်ပေးဖူး လို့လဲ၊ သူတို့လုပ်တတ်တာဆိုလို့ လူသတ်မယ်၊ ဆက်ကြေးကောက်မယ်၊ သစ်ခိုးထုတ်မယ်၊ ဒါတွေဘဲ တတ်တယ်၊ သူတို့ကိုယ်ကျိုးမရသရွှေ့ ငြိမ်းချမ်းရေးရအောင် ဘယ်တော့မှ ကြိုးပမ်းကြမှာ မဟုတ်ဘူးဟု ဒေသခံ ယာဉ်မောင်း တစ်ဦးမှ ပြောကြားသွားခဲ့သည်
ဆိုင်နော်(ဖားကန့်)

Credit >>> Kachin Daily News

No comments:

Post a Comment