၂၀၁၅ နိုဝင်ဘာ ၁
Credit >>> Shan News
ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စု၊
နားဟီးကျေးရွာအတွင်းသို့ အောက်တို ဘာလ ၂၆ ရက်နေ့တွင် SSPP/SSA အဖွဲ့မှ
လူသစ်စုဆောင်းရန် ရောက်ရှိလာကြောင်း ယင်းဒေသခံ ရွာသားများထံမှ သိရသည်။
အဆိုပါ အဖွဲ့သည် ကဒူးကြီးကျေးရွာအုပ်စု၊ နားဟီးကျေးရွာသို့ ရောက်ရှိလာပြီး
ရွာမှတာဝန်ရှိ သူများကို ခေါ်ကာ ရွာရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူ
စာရင်းကောက်ခံခဲ့ကြောင်း ရွာသားတစ်ဦး၏ ပြောပြချက် အရသိရသည်။
“ရွာမှာ အသက် ၁၅ နှစ်လောက်တည်းက မနေရဲကြတော့ဘူး၊ သူတို့တွေက
လူသစ်ခဏခဏလာစုနေတော့ လူငယ်တွေက မြို့ပေါ်တွေမှာ သွားနေရတယ်၊ အခုလည်း
လူသစ်လာစုတာဆိုတော့ ရှိတဲ့လူတွေကို အတင်းအကြပ် ခေါ်သွားအုံးမယ်ထင်တယ်”ဟု
နားဟီးရွာသားတစ်ဦးက ပြောသည်။
အဆိုပါအဖွဲ့သည် ကျေးရွာအုပ်စုများတွင် နေထိုင်သောဒေသခံတိုင်းရင်းသားများအား ရွာရှိ လူငယ်လူရွယ် စာရင်း များကောက်၍ လူသစ်အဖြစ် အတင်းအကြပ်စုဆောင်းလျက်ရှိသ ည်ဟု သိရသည်။
“လူငယ်တွေလည်း ရွာမှမရှိကြတော့ တောင်ယာကလည်း ကောင်းကောင်း မစိုက်နိုင်၊
ဒေသကလည်း မငြိမ်းချမ်းနေသေးတော့ စားရေးသောက်ရေးကအစ အခက်အခဲတွေဖြစ်လာပြီ၊
ဒီကြားထဲ သူတို့က ဆက်ကြေးတစ်မျိုး၊ လူသစ်က တစ်ဖုံ
အမျိုးမျိုးကိုခေါင်းစဉ်ပြ ပီး တောင်းနေတော့ ရွာသားတွေမှာ ဒုက္ခ ပင်လယ် ဝေနေ ရပါတယ်”ဟု အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသွားသည်။
စိုင်းလူCredit >>> Shan News
No comments:
Post a Comment