၂၀၁၅ နိုဝင်ဘာ ၁၉
Credit >>> မြ၀တီ
နေပြည်တော်၊ နိုဝင်ဘာ - ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး ပတ်ဝန်းကျင်တွင် KIA(ကချင်)အဖွဲ့များသည် ဒေသခံပြည်သူလူထု ၏ တောင်ယာများ၊ ဆက်သွယ်ရေးလမ်းကြောင်းများတွင်
မိုင်းထောင်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိပြီး ဒေသခံပြည်သူများ သွားလာလုပ်ကိုင် ဆောင်ရွက်ရာတွင် လည်း မကြာခဏ မိုင်းပေါက်ကွဲဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ သည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများက မိုးညှင်းမြို့ ပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးနှင့် နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၅ရက် နေ့လယ် ၁၂နာရီ ၁၀မိနစ်ခန့်တွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် မိုးညှင်းမြို့အရှေ့တောင်ဘက် ၃ မိုင်ခန့် အကွာရှိ ပွိုင့်-၉၂၈ တောင်ကုန်းအား ရှင်းလင်းစဉ် ၎င်းတောင်ကုန်း၌ အခြေပြုနေသော KIA(ကချင်) အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မတော်စစ်ကြောင်းမှ စနစ်တကျဝိုင်းပတ် ချေမှုန်းတိုက်ခိုက် မှုကြောင့် KIA(ကချင်)အဖွဲ့သည် မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းက ဆုတ်ခွာသွားသော KIA(ကချင်)အဖွဲ့ နောက်သို့ ထပ်ကြပ် လိုက်လံရှင်းလင်းရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပွိုင့်-၉၂၈ တောင်ကုန်း မြောက်ဘက် မီတာ ၃၀၀ ခန့်၌ အင်အားဖြည့်တင်း၍
အသင့်နေရာယူစောင့်ဆိုင်းနေသော KIA(ကချင်)အဖွဲ့များနှင့် ထပ်မံတိုက်ပွဲဖြစ် ပွားခဲ့သည်။ KIA(ကချင်)အဖွဲ့များက မြေအနေအထားနှင့် အင်အားအသာစီးရယူ၍
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်အားသုံးတိုက်ခိုက်မှုကြောင့်
တပ်မတော်စစ်ကြောင်းမှ ရဲဝံ့စွာဖြင့် တန်ပြန် ပစ်အားသုံး တိုက်ခိုက်ကာ
ရင်ဆိုင်ထိန်းချုပ် တိုက်ခိုက်လျက်ရှိသည်။
ယင်းဖြစ်စဉ်များတွင် KIA (ကချင်)အဖွဲ့ထံမှ အမ်(၂၅) သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၀၀တောင့်၊ အီနာဂါဗုံးသီး ၆ လုံး၊ ပို့ကျည် ၈ တောင့်နှင့် တောင်ကုန်းပေါ်တွင် ဆောက်လုပ်ထားသော လူနေတဲ ၇ လုံး၊ အိုဗာဟတ် ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်မှ အရာရှိနှင့် စစ်သည်တချို့ တိုင်းပြည်အတွက်
အသက်ပေးလှူခဲ့ပြီး စစ်သည်တချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ဒဏ်ရာရစစ်သည်များအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ကုသမှုခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၁၆ ရက်တွင် KIA(ကချင်)အဖွဲ့များသည် အင်အားများထပ်မံပူးပေါင်း၍ တပ်မတော် စစ်ကြောင်း အား တိုက်ခိုက်လာမှုကြောင့် မွန်းလွဲပိုင်းတွင်ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ တပ်မတော် (လေ)မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးဖြင့် ၂ ကြိမ်၊ လေယာဉ် နှစ်စီးဖြင့် ၁ ကြိမ် သွားရောက် ပစ်ကူပေး တိုက်ခိုက်ချေမှုန်းခဲ့ပြီး မိုးညှင်းမြို့အနီးရှိ အမြောက်စခန်းများမှလည်း စတင်တိုက်ပွဲ ဖြစ်ပွားချိန်မှစ၍ အမြောက်များဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်။
တပ်မတော်အနေဖြင့် မိုးညှင်းမြို့ရှိ ဒေသခံပြည်သူများ အေးချမ်းစွာဖြင့်
သွားလာနေထိုင် လုပ်ကိုင် စားသောက်နေမှုအား နှောင့်ယှက်မှုများ ပြုလုပ်နေသည့်
KIA(ကချင်) အဖွဲ့များကို ဆက်လက် နယ်မြေ ရှင်းလင်း
တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment