၂၀၁၅ နိုဝင်ဘာ ၂၃
၂) စီးဖြင့် မံရွက်ကျေးရွာမှ ဂျာမိုင်ကျေးရွာသို့အသွား
မံရွက်ကျေးရွာမှထွက်၍ (၁) မိုင်ခန့်အရောက်တွင် KIA သောင်းကျန်းသူ ထောင်ထားသော မိုင်း
(၁) လုံး နင်းမိပေါက်ကွဲကာ ထိခိုက်ဒဏ်ရာ အသီးသီးရရှိ ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဦးလှဒွဲနှင့် ဦးဂရောင်လီတို့ ၂ ဦးသည် ဆိုင်ကယ်
တစ်ယောက် (၁) စီးဖြင့် မံရွက်ကျေးရွာမှ ထွက်ခွာ လာစဉ် (၁) မိုင်ခန့်အရောက်တွင် ဦးဂရောင်လီ
မောင်းနှင်သော ဆိုင်ကယ်မှာ KIA သောင်းကျန်းသူမိုင်းအား နင်းမိပြီး (၂) စီး ယှဉ်မောင်းသဖြင့်
၂ ဦးစလုံးတွင် မိုင်းစများ ထိမှန်ခဲ့သည်။ မိုင်းစများကြောင့် ဆိုင်ကယ် (၂) စီးစလုံးမှာ ပျက်ဆီးသွားပြီး
ဦးဂရောင်လီမှာ မျက်နှာ၊ မျက်လုံးနှင့် ခြေထောက် များ မိုင်းစထိမှန်ခဲ့ကြောင်း၊ ဦးလှဒွဲတွင်
ယာရင်အုံနှင့် ၀မ်းဗိုက်အောက် မိုင်းစများထိမှန်ခဲ့ကြောင်း သိရသည်။ ယခု မိုင်းထိလူနာ
၂ ဦး အား ဒေသခံများ အကူအညီဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေပြီး
ဆေးဝါးကုသမှု ခံယူလျှက် ရှိကြောင်း ဒေသခံ တစ်ဦးထံမှ ကြားသိရသည်။
Credit >>> Kachin Daily News
No comments:
Post a Comment