Wednesday, November 11, 2015

သီပေါမြို့နယ်မှ တံတားလုံခြုံရေးတာဝန် ထမ်းဆောင်နေသော လုံခြုံရေးအဖွဲ့ဝင်များနှင့် နွားမှောင်ခို သယ်ဆောင်သည့်အဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခြင်း


၂၀၁၅ နိုဝင်ဘာ ၁၁

ရှမ်းပြည်မြောက်ပိုင်းတွင် လက်နက်ကိုင်သောင်းကျန်းသူများမှ မူဆယ်-လားရှိုး-မန္တလေးသွား ပြည်ထောင်စု ကားလမ်းမကြီးပါ်၌ မကြာခဏဆိုသလို မိုင်းထောင်ဖောက်ခွဲခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြု လုပ်နေသည့်အတွက် ခရီးသွားပည်သူများနှင့် ၄င်းလမ်းမကြီးကို အားကိုးအမှီပြုနေသည့် စီးပွားရေး လုပ်ငန်းရှင်အချို့မှာ ထိတ်တလန့်လန့်ဖြစ်နေကြတယ်။ ဒါကို တာဝန်ရှိသူများက ၄င်းလမ်းမကြီးပေါ်မှာ သွားလာနေသည့် ပြည်သူများ ဘေးကင်းလုံခြုံစေရန်အတွက်  နေ့ညမပြတ်  လုံခြုံရေးအဖွဲ့များအား တိုးမြှင့် ချထားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် သီပေါမြို့ဝင် တံတားအားဖောက်ခွဲမည်ဟူသော သတင်းအရ လုံခြုံရေးတာဝန်ယူသည့်အဖွဲ့မှ တံတားကိုဖြတ်လာသော မသင်္ကာဖွယ်ရာ သုံးဘီးယာဉ် ၂ စီးအား မေးမြန်းရန်အတွက် ရပ်တန့်စေခဲ့ရာ အဆိုပါယာဉ်များမှ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သွားသည့်အတွက် လုံခြုံရေးအဖွဲ့များမှ အတင်းလိုက်ပြီး ရပ်တန့်ခိုင်းသောကြောင့် ကုန်းသာကျေးရွာ အတက် ဘုရားကုန်းအနီး ယာဉ်မှာရပ်တန့်ပေးပြီး ယာဉ်ပေါ်မှ လိုက်ပါလာသော ၄ ဦးခန့်မှ မချေမငံပြော ဆို၍ လုံခြုံရေးအဖွဲ့များအား ဓါးဖြင့်ဝင်ရောက်ခုတ်သဖြင့် လုံခြုံရေးအဖွဲ့မှ ပြန်လည်ချောက်လှန့်ပစ်ခတ်ခဲ့ရာ ၁ ဦး သေဆုံးပြီး ၂ ဦးမှာ ဒဏ်ရာရရှိခဲ့ပါသည်။ ယာဉ်ပေါ်အားစစ်ဆေးရာ နယ်စပ်သို့ တရားမ၀င် ပို့ဆောင်ရန် စုဆောင်းလာသည့် ကျွဲ ၂ ကောင်၊ နွား ၃ ကောင် ပါရှိကြောင်း သိရှိရပါသည်။

လွန်ခဲ့သော ရက်ပိုင်းကလည်း နောင်ချိုတိုးလ်ဂိတ်၌ မူးယစ်ဆေးဝါး မှောင်ခိုသမားများက ပြန်လည် ခုခံ ကာ သေနတ်ဖြင့် ပစ်ခတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ရာ မူးယစ်မှောင်ခိုတစ်ဦးအား ပစ္စတိုသေနတ်၊  မော်တော်ယာဉ်နှင့်အတူ အသေဖမ်းဆီးရမိကြောင်း သိရပါသည်။

 













စိုင်းစံထွန်း


No comments:

Post a Comment