၂၀၁၅ နိုဝင်ဘာ ၂
ချုံကျင်း ၊ ၂-၁၁-၂၀၁၅
တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ ချုံကျင်းမြို့မှ ခြေလေးချောင်းပါ စက်ရုပ်သည် စွမ်းအင် အနည်းဆုံး အသုံးပြုကာ ၅၄ နာရီ ကျော်ကြာအောင် လမ်းလျှောက်ပြနိုင်ခဲ့သည့်အတွက် ယခုအခါ ဂင်းနစ်မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
Xingzhe No-1 ဟု အမည်ပေး ထားသည့် အဆိုပါ စက်ရုပ်ကို တရုတ်နိုင်ငံ ချုံကျင်း တက္ကသိုလ် လက်အောက်ရှိ စက်ကိရိယာများ ဆိုင်ရာ ကောလိပ်မှ ပါမောက္ခ လီကျင်ဒူး က တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်ရုပ်သည် စွမ်းအင် သုည ဒသမ ၈ ကီလိုဝပ် အသုံးပြုကာ ၁၃၄ ဒသမ ဝ၃ ကီလိုမီတာ ကို ခြေလှမ်းပေါင်း ၃၄ဝဝဝဝ ဖြင့် ၅၄ နာရီကြာအောင် လျှောက်နိုင်ခဲ့ခြင်းကြောင့် ဂင်းနစ်မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခင် ဂင်းနစ် မှတ်တမ်းတွင်
စံချိန်တင် ထားသည့် စက်ရုပ်မှာ အမေရိကန် နိုင်ငံ ကော်နဲလ် တက္ကသိုလ်မှ
တီထွင် ထုတ်လုပ်သည့် ရိန်းဂျား အမည်ရှိ ခြေလေးချောင်းပါ စက်ရုပ်ဖြစ်ပြီး
ယင်းသည် နာရီပေါင်း ၃ဝ အတွင်း အကွာအဝေး ၆၅ ကီလိုမီတာကို စွမ်းအင် သုည ဒသမ ၅
ကီလိုဝပ် အသုံးပြုကာ လျှောက်လှမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အနာဂတ်တွင် အဆိုပါ စက်ရုပ်များကို အန္တရာယ်ရှိသော နေရာများနှင့် လူသားများ လုပ်ဆောင်ရန် လက်လှမ်း မမီနိုင်သော နေရာများတွင် တာဝန်ပေး စေခိုင်းနိုင်သည်အထိ တိုးတက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း လီကျင်ဒူးက ပြောကြားထားသည်။

Credit >>> PyiChitThar
No comments:
Post a Comment