၂၀၁၅ နိုဝင်ဘာ ၂၇
၂၀၁၅
ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၈နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက်(၉)၊ ဘူတာရှေ့
လမ်းလယ်ကျွန်းအနီး၌ လားရှိုးမြို့ ရပ်ကွက် ၉ တွင်နေထိုင်သူ ဒေသခံ ၂ ဦးသည် ဘူတာဘက်မှ
လမ်းလျှောက်လာစဉ် လမ်းလယ်ကျွန်းအနီးရှိ ချုံအတွင်း၌
ပလပ်စတစ်အမည်းရောင် အထုပ် ၁ ထုပ် အား တွေ့ရှိ၍ ကြည့်ရှုခဲ့ရာ ပလပ်စတစ်အိပ်အတွင်းမှ အနီရောင်မီးလင်းနေသည်ကို တွေ့ရှိရသဖြင့် လားရှိုးဘူတာ မီးရထားရဲစခန်းသို့ သွားရောက်သတင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နေရာသို့
တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ လူသွားလမ်း၏ဘယ်ဘက် ပန်းခြံ ၏ တောင်ဘက်ထောင့်
နေရာမှ ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် ပတ်ထားသော ဒစ်ဂျစ်တယ် ဒိုင်ခွက် နာရီပါ ဒေသန္တရလုပ်
ချိန်ကိုက်မိုင်း ၁လုံးအား နံနက်၉နာရီခွဲတွင် ပေါက်ကွဲအောင်စီစဉ်ထားကြောင်း တွေ့ရှိ ရသဖြင့်
နံနက် ၉နာရီခန့်တွင် သက်ဆိုင်ရာမှ အချိန်မီ အသက်မဲ့အောင် ပြုလုပ်ကာကွယ်နိုင်ခဲ့ပါသည်။
အဆိုပါ ဒေသန္တရလုပ် ချိန်ကိုက်မိုင်းမှာ သောင်းကျန်းသူအဖွဲ့များမှ အများပြည်သူများ သွားလာလျက်ရှိသော
လူစည်ကားရာ အရပ်ဖြစ်သည့် ဘူတာရုံ အနီးဝန်းကျင်တွင် ထောင်ထားကြောင်းတွေ့ရှိရသဖြင့် ပြည်သူ လူထုအား
ထိခိုက်ဒဏ်ရာရစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း၊
၎င်းကဲ့သို့လုပ်ဆောင်ခြင်းအား ပြည်သူအားလုံးမှ သတိထား၍ ၀ိုင်းဝန်းစောင့် ကြည့်ကာ မင်္သကာဖွယ်တွေ့ရှိပါက
အမြန်ဆုံး နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ သတင်းပေးကြရန် လိုကြောင်း ပြည်သူများ(ကိုယ်စား)
အဆိုပါလုပ်ရပ်အား လက်မခံကြောင်း ဘူတာအနီးနေထိုင်သူ ရှမ်းတိုင်းရင်းသားတစ်ဦး၏ ပြောပြချက်အရ
သိရှိရသည်။
Lashio Thar
No comments:
Post a Comment