Wednesday, November 25, 2015

ကေအိုင်အေ(ကချင်)အဖွဲ့ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရရှိ

၂၀၁၅ နိုဝင်ဘာ ၂၅


နေပြည်တော် ၊ နိုဝင်ဘာ ၂၅

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နောင်ကိုင်တော် ရပ်ကွက်နေ ဦးဇော်ဘောက် အသက်(၃၃)နှစ်၊ (ဘ)ဦးဇုန်ခါတန် နှင့် ၄င်း၏ဇနီးဖြစ်သူ ဒေါ်အင်ဆိုင်းလု အသက်(၅၂)နှစ် (ဘ)ဦးအင်ဆိုင်းရှောင်၊ ကချင်လူမျိုး ခရစ်ယာန်ဘာသာ ကိုးကွယ်သူ တို့ ၂ဦးသည် ၄င်းတို့နေအိမ်မှ တညှင်းစိုက်ခင်းသို့ တောင်ယာရှင်းလင်းရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကေအိုင်အေ (ကချင်)အဖွဲ့မှ ထောင်ထားသော တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ ဦးဇော်ဘောက်၏ ယာဘက်ပေါင်ရင်းဘေးနှင့် ယာတံတောင်ဆစ်အထက် ပေါက်ပြဲဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ဒေါ်အင်ဆိုင်းလု မှာ ထိခိုက်ဒဏ်ရာ မရှိကြောင်း သိရှိရသည်။


အဆိုပါ မိုင်းထိလူနာအား မိုးကောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ လိုအပ်သော ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးခဲ့ပြီး တပ်မတော်အရာရှိကြီးများနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေ ၁၀၀၀၀ ကျပ်တို့အား ပေး အပ်ခဲ့ကြောင်း သိရှိရသည်။

Credit >>> တပ်မတော်သတင်းစဉ်

No comments:

Post a Comment