တနိုင်းမြို့နယ် KIA လှုပ်ရှားနယ်မြေအတွင်းရှိ
တနိုင်းချောင်းဘေး ဒေသအခေါ် ဌက်ပျောတော တောင်ယာ တဲစုတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေ သော
ဦးမြင့်စိုးသည် မုံညှင်း စိုက်ပျိုးရန်အတွက် ၎င်း၏ တောင် ယာတောတွင် ရှင်းလင်းနေစဉ်အတွင်း
အနီး၌ မိုင်း (၁) လုံး ပေါက်ကွဲသံ ကြားရပြီးနောက် ဦးမြင့်စိုး၏ ရင်ဘက်နှင့်
ခေါင်းတို့တွင် မိုင်းစရှပ်မှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲပြီးနောက် ဦးမြင့်စိုးမှ အော်ဟစ်အကူအညီအတောင်းစဉ် ၎င်း၏ မိသားစုဝင် များ ရောက်ရှိလာပြီး တနိုင်းဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ကြောင်း ၎င်း ၏ မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။ ဦးမြင့်စိုး၏ မိသားစုဝင်များ မှာလည်း ၎င်းတောင်ယာတော တွင် ဆက်လက်မလုပ်ကိုင်ရဲတော့ပဲ တခြားနေရာသို့ ပြောင်းရွေ့ လုပ်ကိုင်စားသောက်တော့မည်ဟု
ကြား သိရသည်။

Credit >>> Voice Of Kachin
No comments:
Post a Comment