Monday, November 23, 2015

လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသော ဆိုင်ကယ်စီးနင်းလာသူ များအား KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်

၂၀၁၅ နိုဝင်ဘာ ၂၃


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသော ဆိုင်ကယ် စီးနင်းလာသူများအား နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၁ နာရီချိန်ခန့်တွင် KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ကောင်းဝှက်ရွာသား ၃ ဦး လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံရပ်မိ ရပ်ဖတစ်ဦးထံမှသိရသည်။

 



မူဆယ်မြို့နယ်၊ မော်တောင်းအုပ်စု၊ ကောင်းဝှက်ကျေးရွာမှ ရွာသား ၃ ဦးသည် မိုင်းယုကျေးရွာ အုပ်စု၊ ဝေဠု ကျေးရွာသို့ သွားရောက်လည်ပတ်ပြီး ဆိုင်ကယ်အား ကျော်ဦးမှ ရှေ့မှမောင်းနှင် ၍ ကျန် ၂ ဦးမှာ နောက်မှထိုင်ပြီး လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးအတိုင်း ပြန်လာခဲ့ရာ ကောင်း ၀ှက်ကျေးရွာ အနီးသို့ ရောက်ရှိစဉ် KIA အဖွဲ့နှင့်တွေ့ဆုံပြီး ဆိုင်ကယ်အား ရပ်တန့်ရန် အော်ဟစ်ရာ၊ ၎င်းတို့မှ ရပ်တန့်ခြင်းမပြုသဖြင့် KIA အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကောင်းဝှက်ရွာသား ၃ ဦး ဖြစ်သော အောင်ဆန်းဦး၊ ကျော်ဦး၊ ညီထွန်း တို့၏ ၀ဲပေါင်၊ ခြေသလုံး၊ ၀ဲလက်သန်း၊ ၀ဲခြေသန်း၊ ယာလည်ပင်းတို့တွင် ကျည်ဖောက်ထွက်၊ ကျည်ရှပ် မှန် ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ဆက်လက်မောင်းနှင် ထွက်ပြေးခဲ့ရာ ကောင်းဝှက်ကျေးရွာ နေအိမ်သို့ ရောက် ရှိပြီး၊ ၎င်းမှတစ်ဆင့် မူဆယ်မြို့၊ ပြည်သူ့ဆေးရုံ သို့ သေနတ်ဒဏ်ရာများဖြင့် တက်ရောက် ကုသလျက် ရှိကြောင်း ကောင်းဝှက်ရွာသားများထံမှသိရပါသည်။

“ ဒီအခင်းဖြစ်တဲ့နေရာက KIA အဖွဲ့ဖြန့်ခွဲလှုပ်ရှားနေရာဆိုတော့ မဲမဲမြင်ရာ အကုန်ပစ်နေတာပဲ၊ ဟိုတလောက လည်း ကွတ်ခိုင်မဲဆန္ဒနယ်အမှတ်(၂) တာမိုးညဲမြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကို KIA အဖွဲ့က ချောင်းမြောင်းပစ်ခတ် လို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သေးတယ်၊ ဒီကောင်တွေအဖွဲ့ရဲ့လုပ်ရပ်ဟာ မင်းမဲ့စရိုက် ဆန်လွန်းတယ်” ဟု မူဆယ်မြို့နေ ရှေ့နေတစ်ဦးမှ ပြောပါသည်။

Lashio Thar

No comments:

Post a Comment