Friday, November 20, 2015

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မူဆယ်မြို့ရှိ မြ၀တီဘဏ်သို့ ဆက်ကြေးတောင်းခံစာ ပေးပို့


၂၀၁၅ နိုဝင်ဘာ ၂၀  


၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၁၉ရက်နေ့ မနက်၉နာရီခွဲအချိန်ခန့်တွင် မူဆယ်မြို့၊ မန်ဝိန်းရပ်ကွက်ရှိ မြ၀တီဘဏ်၏ ခြံစည်းရိုး၌ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ပေးပို့ထားသော စာအိတ် ၁ အိတ် အား ဘဏ်ဝန်ထမ်း တစ်ဦးမှ တွေ့ရှိရာ ဘဏ်တာဝန်ခံအား အပ်နှံခဲ့ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရှိရသည်။

အဆိုပါအကြောင်းကြားစာတွင်၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် ရက်စွဲပါစာအမှတ်၊ 86/R-1/S-Div/Rev.Br/2015 ဖြင့် မြ၀တီဘဏ်သည် KIO တောင်ပိုင်းတိုင်း၊ အမှတ်(၄)တပ်မဟာဒေသအတွင်းရှိသော စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်၍ သတ်မှတ်သည့် စည်းကြပ်ခွန်များအား ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မတိုင်မီ မပျက်မကွက် ပေးပို့ရန်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်၊၁၅၉၂၅၄၅၆၆၃၀၊ ၀၉၃၀၅၇၇၆၈၂ တို့အား မြန်မာဘာသာဖြင့် ကွန်ပျူတာစာစီကာ စာ၏အောက်တွင် ကချင်ဘာသာဖြင့် လက်မှတ်ရေးထိုး ထားကြောင်း သိရှိရပါသည်။

အကြောင်းကြားစာပါ ဖုန်းနံပါတ်များအနက်မှ တရုတ်ဖုန်းနံပါတ် ၁၅၉၂၅၄၅၆၆၃၀ မှာ ဖုန်းပိတ်ထားပြီး ၀၉၃၀၅၇၇၆၈၂ သို့ စုံစမ်းရာ လက်ခံဖြေကြားခြင်း မရှိဘဲ ဆက်သွယ်သူအား မက်ဆေ့ခ်ျ ချန်ထား ခဲ့ရန် ပြန်လည်ဖြေကြားကြောင်း သိရှိရပါသည်။

KIA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၄င်းတို့လက်လှမ်းမီသည့် နေရာဒေသများတွင် လက်နက် အားကိုးဖြင့် ဒေသခံပြည်သူလူထုအား မတော်မတရား ဆက်ကြေးတောင်းခံခြင်းများ၊ လူသစ် စုဆောင်းခြင်းများ စသည်တို့ကို မကြာခဏ ပြုလုပ်လျက်ရှိခြင်းကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လျက်ရှိသည်။ သို့ဖြစ်၍ ပြည်သူများအနေဖြင့် KIA အပါအ၀င် အကြမ်းဖက်သောင်းကျန်းသူများ အားလုံးကို အလိုမရှိဘဲ တရားဥပဒေစိုးမိုးရေးဆိုင်ရာ တည်ငြိမ်အေးချမ်းမှုကို မျှော်လင့်တောင့်တလျက် ရှိကြောင်း မူဆယ်မြို့ခံတစ်ဦးမှ ပြောကြားခဲ့သည်။

Lashio Thar

No comments:

Post a Comment