Tuesday, November 17, 2015

KIA အဖွဲ့မှ ဖားကန့်ရွှေလုပ်ငန်းရှင်များအား ဆက်ကြေးငွေများ တောင်းခံသည့်အပြင် လူသစ်များပါ စုဆောင်းခိုင်းနေ

၂၀၁၅ နိုဝင်ဘာ ၁၈



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ရွှေလုပ်ငန်း လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ ဆက်ကြေးငွေ များ တောင်းခံသည့်အပြင် ၎င်းတို့အဖွဲ့သို့ ၀င်ရောက်ရန် လူသစ်များပါ စုဆောင်ပေးရန် ပြောကြားခဲ့ကြောင်း ရွှေ လုပ်ငန်းရှင်းများထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ စကားဝါရွှေမှော်အတွင်း ရွှေတူးဖော်လုပ်ကိုင်နေသူများအား နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ၁၀ မိုင်းကုန်းစခန်းသို့ ဆင့်ခေါ်ခဲ့ပြီး တစ်ဦးလျှင် ဆက်ကြေးငွေအဖြစ် ၁၅ သိန်း ပေးဆောင် ရန်နှင့် ရွှေမှော်များအတွင်း လာရောက်လုပ်ကိုင်နေသူ ရွှေလုပ်သားများအား KIA အဖွဲ့ အတွင်းသို့ ၀င်ရောက်ရန် စည်းရုံးခိုင်းကြောင်း သွားရောက်တွေ့ဆုံခဲ့သူ ရွှေလုပ်ငန်းရှင် တစ်ဦးမှ ပြော သည်။

ရွှေလုပ်ငန်းရှင်များအနေဖြင့် KIA အဖွဲ့မှတောင်းသော ငွေပမာဏမှာ များလွန်းကြောင်း၊ ယခုနှစ်အတွင်း တိုက်ပွဲ များ ဖြစ်ပွားနေသောကြောင့် လုပ်ငန်းများမှာ အဆင်မပြေဖြစ်နေရကြောင်း ပြောပြခဲ့သော်လည်း ၎င်းတို့တောင်းသော ငွေပမာဏအတိုင်း ပေးဆောင်ရမည်ဟု KIA အဖွဲ့မှ ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းမှ ဆက်လက် ပြောပြခဲ့ပါ သည်။

“ရွှေလုပ်ငန်းရှင်တွေ နည်းလာတော့ ကျွန်တော်တို့ မိသားစုတွေ ဒုက္ခရောက်တာပေါ့၊ ဒီအလုပ်လေး လုပ်ပြီး တော့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြတာလေ၊ လူသစ်အဖြစ်ဖမ်းဆီးမှုတွေကြောင့် အချို့ ဆိုရင် ဆက်မလုပ်တော့ပဲ ပြန်ကုန်ကြပြီ၊ အဓိက ကတော့ KIA ပေါ့၊ သူတို့က ဆက်ကြေးကောက်တဲ့ အပြင် လူသစ်အဖြစ် ဖမ်းတာတွေလုပ်နေတော့ ဒီမှာရှိတဲ့ဒေသခံတွေတောင် ထမင်းငတ်မယ့် အနေ အထားဖြစ်နေပြီ” ဟု ရွှေလုပ်သား တစ်ဦးမှ ပြောပြပါသည်။

ဆိုင်းနောင်(ဖားကန့်)


Credit >>> Kachin Daily News

No comments:

Post a Comment