Tuesday, November 3, 2015

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေသားပြိုကျကာ လားရှိုး-မူဆယ်အဝေးပြေးလမ်းမကြီး ပိတ်ဆို့ မှုဖြစ်ပွားခဲ့။

၂၀၁၅ နိုဝင်ဘာ ၃



လားရှိုး-မူဆယ်အဝေးပြေးလမ်းကြီးသည် ကွတ်ခိုင်မြို့ မှမြောက်ဘက် (၂)မိုင်ခန့် အကွာ၊ ဖတ်ယိုင်းပြိန်း -ဟွယ် ကျေးရွာအုပ်စု၊ မန်ဘန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၂၂၅/၄) နှင့် (၂၂၅/၅) ကြားတွင် မိုးရွာသွန်းမှုကြောင့် လမ်းဘေးမြေသား အရည်ပျော်၍ ရွှံ့ မြေများအဖြစ် လမ်းပေါ်တင်ကျန်ခဲ့ရာ အောက်တို ဘာလ (၃၁) ရက်၊ နံနက် (၇း၃၀) အချိန်ခန့် မှ စတင်ကာ ရွှံ့ များသည် အရှည်ပေ (၅၀၀) ခန့် ၊ ထု (၁) ပေခွဲခန့် တင်ရှိခဲ့သဖြင့် ယာဉ်များသွားလာမရတော့ဘဲ လမ်းပိတ်ဆို့ မှုဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည် နယ်မြောက်ပိုင်း ဒုတိယရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ကျရဲအရာရှိက အတည်ပြုပြောကြားသည်။

အဆိုပါလမ်းပိတ်ဆို့ နေရာအား ကွတ်ခိုင်မြို့ နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးခွာကုန်းဦးစီးသော ရဲတပ်ဖွဲ့ ဝင် ၃၆ ဦး၊ အထူးရဲ (၁၅) ဦး၊ မထသမှ (၆) ဦး၊ မီးသတ်တပ်ဖွဲ့ ဝင် (၅) ဦးနှင့် Green Land ကုမ္ပဏီမှ မြေထိုး စက်၊ မြေကော်စက်များဖြင့် ရှင်းလင်းခဲ့ရာ နိုဝင်ဘာလ (၁) ရက်၊ မွန်းလွဲပိုင်း ၂ နာရီအချိန်တွင် လမ်းကြောင်းပွင့်၍ မူဆယ်-လားရှိုး အတက်အဆင်းကားများပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ခဲ့ကြောင်း ၄င်းက ပြောပြသည်။

သို့ သော် လားရှိုး-မူဆယ်လမ်းအပိုင်းတွင် လမ်းချဲ့ နေသည့်နေရာများသည် မြေသားများဖြစ်ပြီး ယခုရက်ပိုင်း အတွင်း မိုးဆက်တိုက် ရွာသွန်းနေသေးသောကြောင့် ရွှံ့ များဖြင့် လမ်းချော်နေသေးသည့်အတွက် ကုန်တင် ယာဉ်ကြီးများ ဖြတ်သန်းမှုနည်းပါးပြီး မူလက အချိန် ၄း၃၀ ခန့် သာမောင်းရသော မူဆယ်-လားရှိုး ခရီးစဉ်ကို ယခု မနက်ထွက်လျှင် ညနေပိုင်းခန့် မှ ရောက်ရှိကြောင်း လားရှိုးမူဆယ် ခရီးသည်တင်ယာဉ် ငယ်မောင်းသူ များက ပြောပြ၍ သိရသည်။

Credit >>> Lashio News Diary

No comments:

Post a Comment