၂၀၁၅ နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊
ချောင်းဆုံရွှေမှော်အနီးရှိ ကျေးရွာများတွင်နေထိုင်သော ဒေသခံရွာသား ၁၅ ဦးအား KIA တပ်ဖွဲ့ဝင်များမှ
တပ်သားသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ယင်းရွာ သားများထံမှ သိရသည်။
ချောင်းဆုံရွှေမှော်အနီးရှိ မံတောင်၊ ခ၀မ်၊ ရှငေါ်ဒေသများသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရွှေမှော်များတွင် နေထိုင်လုပ်ကိုင်နေကြသော ဒေသခံရွာသား ၁၀ ဦးနှင့် KIA တပ်ဖွဲ့မှ ခွင့်မဲ့ ပျက်ကွက်နေသူ ၅ ဦး၊ ပေါင်း ၁၅ ဦးအား လူသစ်အဖြစ် တာဝန်ထမ်းဆောင်ခိုင်းစေရန် အင်တပ်တောင် စခန်းသို့ အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ ကျေးရွာများတွင် KIA တပ်ဖွဲ့၏ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခြင်းများ ကြောင့်
ဒေသခံ လူငယ်များသည်လည်း ၄င်းတို့နေထိုင်သော ကျေးရွာများမှ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရကြော င်း၊
ယခု ဖမ်းဆီးခံရသည့်အထဲတွင် KIA တပ်စခန်းမှ ခွင့်မဲ့ပျက်ကွက်သူ ၅ ဦး ပါဝင်ကြောင်း၊
၎င်းတို့အဖွဲ့ သည် တောတွင်းသာ လှုပ်ရှားသွားလာနေ ရသဖြင့် အစားအသောက်အခက်အခဲများ ကြုံရသောကြောင့်
ရွာသားများထံမှ တောင်းရမ်းစားသောက်နေရပြီး အဆင်မပြေမှုများကြောင့် KIAအဖွဲ့မှ ထွက်ပြေး ရခြင်း
ဖြစ်ကြောင်း ယင်းရွာသားများ၏ ပြောပြချက်အရ သိရသည်။
ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေသော KIA အဖွဲ့အနေဖြင့် မိမိဒေသ အတွင်းရှိ အတင်းအကြပ်လူသစ်စုဆောင်းသည့်လုပ်ရပ်သည် ငြိမ်းချမ်းရေးကို
လိုလားမှု မရှိသည့် လုပ်ရပ်ဖြစ်ကြောင်း နှင့် ဒေသခံတိုင်းရင်းသားများမှာလ ည်း
KIA အဖွဲ့၏ လုပ်ရပ်များကို လွန်စွာစိတ်ပျက် လျက်ရှိကြောင်း ၀ိုင်းမော်မြို့ ဒေသခံရှေ့နေ
တစ်ဦးက ပြောကြားသည်။
ချောင်းဆုံရွှေမှော်အနီးရှိ မံတောင်၊ ခ၀မ်၊ ရှငေါ်ဒေသများသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ရွှေမှော်များတွင် နေထိုင်လုပ်ကိုင်နေကြသော ဒေသခံရွာသား ၁၀ ဦးနှင့် KIA တပ်ဖွဲ့မှ ခွင့်မဲ့ ပျက်ကွက်နေသူ ၅ ဦး၊ ပေါင်း ၁၅ ဦးအား လူသစ်အဖြစ် တာဝန်ထမ်းဆောင်ခိုင်းစေရန် အင်တပ်တောင် စခန်းသို့ အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ ကျေးရွာများတွင် KIA တပ်ဖွဲ့၏ လူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီးခြင်းများ
ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေသော KIA အဖွဲ့အနေဖြင့် မိမိဒေသ အတွင်းရှိ အတင်းအကြပ်လူသစ်စုဆောင်းသည့
ဆိုင်းနာင်(ဖားကန့်)
Credit >>> Kachin Daily News
No comments:
Post a Comment